Connect with us

Environment, Disasters & Accidents

ရေးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားလမ်းပေါ် မြေဖုံးလွှမ်းမှု ဖြစ်ပွားခဲ့

တနသာင်္ရီတိုင်းဒေသကြီးရှိ ရထားသံလမ်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအုပ်စု ကိုးမိုင်-ပေါက်ပင်ကွင်းရထားလမ်းပိုင်းမိုင်တိုင် ၂၈၁/၂၂-၂၃ အကြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုမှု ဖြစ်ပွားခဲ့ရာ ရထားသံလမ်းပေါ်သို့ အလျား(၂၁) ပေ ၊ အမြင့်(၆)ပေခန့် မြေကြီးများ ဖုံးလွှမ်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၉ ရက် ညနေ(၄)နာရီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုကဲ့သို့ မြေကြီးများဖုံးလွှမ်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ရထားသံလမ်းပေါ်သို့ မြေကြီးများ ဖုံးလွှမ်းခဲ့ရာ ရေးမြို့နယ်မှထားဝယ်မြို့ သို့ ထွက်ခွာသွားသော ရန်ကုန်-ထားဝယ် ၁၇၅ အဆန်ရထားသည် ဆက်လက်ထွက်ခွာ၍ မရသဖြင့် ကိုးမိုင်ဘူတာသို့ ပြန်လှည့်ခဲ့ရကြောင်း၊ အဆိုပါနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကူညီရှင်းလင်းဖယ်ရှားပေးကာ ည(၁၁)နာရီတွင် ထားဝယ်မြို့သို့ ဆက်လက် ထွက်ခွာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.