Environment, Disasters & Accidents
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ် ယာဉ်မတော်တဆဖြစ်ပြီး ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း ထုတ်ပြန်
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံနိုင်ငံ၊ ကိုလ်ကတ္တားမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးပြည်စိုးသည် အောက်တိုဘာ ၂၇ ရက်နေ့တွင် တာဝန်ထမ်းဆောင်စဉ် ယာဉ်မတော်ဆမှုဖြစ်ပြီး ရုတ်တရက် ကွယ်လွန်မှုအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်းသတင်းထုတ်ပြန်လိုက်သည်။
မြန်မာစစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးပြည်စိုးသည် ဘီဟာပြည်နယ် ဂါယာမြို့ရှိ ဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီး ကျောင်း၌ ကျင်းပသော ကထိန်ကပ်လှူပွဲသို့ တက်ရောက်ပြီး ကိုလ်ကတ္တားမြို့သို့ သံရုံးကားဖြင့်ပြန်လည်ထွက်ခွာစဉ် ၎င်းစီးနင်းလာသော ကားရှေ့မှ ဆိုင်ကယ်အား ရှောင်ခဲ့ရာမှ မျက်နှာချင်းဆိုင်မှလာသော လော်ရီကားဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ယာဉ်မတော်တဆမှုဖြစ်ပွားရာနေရာတွင်ပင် ကောင်စစ်ဝန်ချုပ် ဦးပြည်စိုးသည် ကွယ်လွန်ခဲ့ပြီး ၎င်း၏ ဇနီး၊ သံရုံးအုပ် ဦးတင်ထွန်းအောင်နှင့် ယာဉ်မောင်းဖြစ်သူတို့လည်း ဒဏ်ရာအပြင်းအထန်ရရှိထား၍ Ranchiမြို့ရှိ ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။(Xinhua)