Connect with us

Environment, Disasters & Accidents

ကလေး မှ မန္တလေးသို့ မောင်းနှင်လာသည့် ရွှေမန္တလာခရီးသည်တင်ယာဉ် သည် ဘရိတ်ပေါက် ၍ ချောက်ထဲထိုးကျ၊ တစ်ဦးသေဆုံး

ရွှေမန္တလာခရီးသည်တင်ယာဉ် တိမ်းမှောက်မှုမှတ်တမ်းဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

ဂန့်ဂေါမြို့နယ် ဂန့်ဂေါ-ပုလဲ-ကလေးကားလမ်း မိုင်တိုင်(၇၇/၄-၅)ကြား၌ ကလေး မှ မန္တလေးသို့ မောင်းနှင်လာသည့် 1F/xxxxScania ရွှေမန္တလာခရီးသည်တင်ယာဉ် သည် ဘရိတ်ပေါက်ကာ လမ်းယာဘက် ပေ(၃၀၀) ခန့်အနက်ရှိ ချောက်ထဲ သို့ထိုးကျသွားခဲ့ကာ၊ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်နောက်လိုက် စည်သူအောင်တွင် လည်ပင်းပြတ်ရှ၊ ယာလက်/ပေါင်ကျိုးဒဏ်ရာများဖြင့် သေဆုံးသွား ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ ၁၈၄၅ အချိန် ဂန့်ဂေါမြို့နယ် ဂန့်ဂေါ-ပုလဲ-ကလေးကားလမ်း မိုင်တိုင်(၇၇/၄-၅)ကြား၌ ကလေးမှမန္တလေးသို့ နေလင်းထွန်းမောင်းနှင်ပြီး အကူယာဉ်မောင်း ဦးညီညီအောင် ၊ ယာဉ်နောက်လိုက် စည်သူအောင် နှင့် ခရီးသည်(၁၄)ဦး (ကျား ၁၃၊ မ ၁)လိုက်ပါလာသော ရွှေမန္တလာခရီးသည်တင်ယာဉ်သည် ချောက်ထဲသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။

ယာဉ်ချောက်ထဲထိုးကျမှုကြောင့် ယာဉ်နောက်လိုက် စည်သူအောင် သေဆုံးခဲ့ပြီး၊ ခရီးသည်သုံးဦးမှ (စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့၍ ကျန်သည့် ခရီးသည်များ မှာ (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိ၍ တိုက်နယ်ဆေးရုံသို့ပို့ခဲ့ပြီး ၊ခရီးသည် (၃)ဦး (စိုးရိမ်ရ)တို့အား မန္တလေးမြို့ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းဆေးကုသမှုခံယူစေခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ ၀၂း၀၅ နာရီ အချိန် ယာဉ်မောင်း နေလင်းထွန်း(ဖမ်းမိ)အား ဂန့်ဂေါမြို့မရဲစခန်း ယာဉ်(ပ) ၄၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်/သာမန် နာကျင်စေမှု) တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.