Environment, Disasters & Accidents
အိုင်ယာလန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲစတင်ကျင်းပ
ဒပ်ဘလင်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)
အိုင်ယာလန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း အောက်တိုဘာလ ၂၆ ရက် နံနက်ပိုင်း၌ စတင်ကျင်းပခဲ့ကြောင်း ဒေသခံ RTE က သတင်းဖော်ပြခဲ့သည်။
မဲရုံများကို အောက်တိုဘာလ ၂၆ ရက် ဒေသစံတော်ချိန် နံနက် ရး၀၀ နာရီအချိန်တွင် ဖွင့်လှစ်ကာ ည ၁၀း၀၀ နာရီ၌ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း RTE သတင်းအရ သိရသည်။
ရွေးကောက်ပွဲ၌ လက်ရှိသမ္မတ Michael D. Higgins အပါအဝင် ကိုယ်စားလှယ်လောင်း ၆ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)