Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဒိုင်နာ ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် လူ ၁ ဦးသေ၊ ၁၉ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဒိုင်နာ ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် လူ ၁ ဦးသေ၊ ၁၉ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ ၀၉း၂၀ နာရီ အချိန် အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ ဆောက်တောဝကျေးရွာအနီး ထုံးဘို-မြစ်ငယ်လမ်း၌ ကျော်ကျော်ဇင်(၃၈)နှစ် မောင်းနှင်လာသည့် 4B/×××× ဒိုင်နာ ဘုရားဖူးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်သို့ ထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ဒေါ်ကျော့ကျော့(၆၀)နှစ် ရွာထောင်ရွာ၊ စစ်ကိုင်းမြို့နယ်နေသူတွင် နောက်စေ့ဖူးရောင် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပါသည်။

အဆိုပါဘုရားဖူးယာဉ်မောင်း ကျော်ကျော်ဇင်နှင့် ၁၉ ဦး(ကျား ၉၊မ ၁၀) တို့တွင် ဖူးရောင် ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ခဲ့ရာ မသင်းသင်းလှိုင်(၂၆)နှစ် စစ်ကိုင်းမြို့နေသူ နှင့် ၁၀ ဦး(ကျား ၄၊မ ၆)တို့သည် ဆေးရုံမှ ဆင်းသွားခဲ့ပြီး မနေဇာဝင်း(၃၇)နှစ် စစ်ကိုင်းမြို့နယ်နေသူပါ ၈ ဦး(ကျား ၄၊မ ၄)တို့မှာ ဆက်လက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်ကျော်ဇင်အား မြစ်ငယ်နယ်မြေရဲစခန်းယာဉ်(ပ) ၃၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.