Environment, Disasters & Accidents
ဧပြီလ နှင့် မေလတွင် မိုးတိမ်တောင် ဖြစ်ပေါ်နိုင်
ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
ဧပြီလနှင့် မေလသည် မိုးတိမ်တောင် အများဆုံး ဖြစ်သည့် မိုးကြိုကာလ ဖြစ်ပြီး ယခုနှစ်တွင် မိုးတိမ်တောင်များကို သတိထားရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
မိုးတိမ်တောင်များသည် လေပြင်း (၃) မျိုး ဖြစ်စေတတ်ကြောင်း၊ ၎င်းလေပြင်း ၃ မျိုးမှာ မိုးသက် လေပြင်း ၊ လေဆင်နှာမောင်း နှင့် စိုက်ဆင်း လေပြင်းတို့ ဖြစ်ကြောင်း သိရသည်။
ဦးထွန်းလွင်က “မေလ ၂ ရက်ရက်မှာလည်း မိုးတိမ်တောင်တွေ ဖြစ်ဖို့ ရှိနေပါတယ်။ သတိထားပါ’’ ဟု ပြောသည်။
ယခုနှစ်သည် အယ်လ်နီညို ရာသီဥတု ဖြစ်သည့် အတွက် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ ဖြစ်သည့် ဒေသတချို့တွင် အပူချိန် စံချိန်တင်ခဲ့ကြောင်း၊ ဧပြီလ အလယ်လောက်ကစပြီး ဘင်္ဂလား ပင်လယ်အော်ထဲမှ မုတ်သုံရှေ့ပြေး အနောက်တောင် လေတွေ စဝင်လာသည့် အတွက် မြန်မာနိုင်ငံထဲကို ရေငွေ့များ နေ့စဉ် စတင် ဝင်ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။
ဒေသအပေါ်သို့ ရေငွေ့ပါသည့် လေများ ဝင်လာတိုင်း မွန်းလွဲ ညနေပိုင်းများတွင် အားကောင်းသည့် မိုးတိမ်တောင်ကြီးများ နေ့စဉ် ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ မိုးတိမ်တောင်ကြီးများကြောင့် ထူးထူးကဲကဲ မိုးသီး ကြွေခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသည်းခြင်းများ နိုင်ငံ အလယ်ပိုင်း ဒေသများတွင် ညနေတိုင်း ဖြစ်နေသည့် အတွက် သတိထားသင့်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)