Connect with us

Environment, Disasters & Accidents

ရက် ၁၀၀ ကာလ အတွင်း ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း ကနဦး စီမံကိန်း ၆ ခု အကောင်အထည်ဖော် ဆောင်ရွက်

ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း ကနဦး စီမံကိန်းတွင် ပါဝင်သော ကချင်ပြည်နယ် အင်းတော်ကြီးအိုင် ပတ်ဝန်းကျင် ဒေသအား တွေ့ရစဉ် (ဓာတ်ပုံ-ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန)

ရန်ကုန် ၊ မေ ၂ ရက် (ဆင်ဟွာ)

မြန်မာ့ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရက် ၁၀၀ ကာလ အတွင်း ကချင်ပြည်နယ် ၊ ကယား ပြည်နယ် ၊ ကရင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ မကွေး တိုင်းဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ ဒေသများတွင် ရပ်ရွာ လူထု အခြေပြု ခရီးသွား လုပ်ငန်း(Community Based Tourism – CBT) ကနဦး စီမံကိန်း (၆) ခုကို အကောင်အထည် ဖော်ရန် လျာထား ဆောင်ရွက်လျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ယခုအချိန်တွင် နိုင်ငံခြားသား ခရီးသွားများ အတွက် ဆွဲဆောင်ရန် အလားအလာ ရှိသော ကရင်ပြည်နယ်၊ ကယားပြည်နယ်များရှိ သံတောင်ကြီးနှင့် လွိုင်ကော်ဒေသ ခရီးစဉ်ဒေသများကို ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ဦးစားပေး ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း သိရသည်။
လာမည့် ခရီးသွား ရာသီ အောက်တိုဘာလမှ ဖေဖော်ဝါရီလခန့် အထိတွင် လက်ရှိ အဓိက ခရီးစဉ် ဒေသများ အပေါ် အခြေခံ၍ ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ်ခြင်းနှင့် လက်တွေ့ ဈေးကွက် မြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ ပြည်သူထုသို့ အသိပေး ပူးပေါင်းဆောင်ရွက်ခြင်း၊ အလားအလာရှိသော ခရီးစဉ် ဒေသ အသစ်များကို စတင် ဈေးကွက် တိုးချဲ့နိုင်ရေး ညှိနှိုင်း ဆောင်ရွက်ခြင်းတို့ကို အကောင်အထည်ဖော် သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တည်ဆဲ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဥပဒေကို တိုးတက် ပြောင်းလဲ လာသော ခေတ်စနစ်နှင့် အညီ နိုင်ငံတကာ ခရီးသွား လုပ်ငန်း ဥပဒေများနှင့် လိုက်လျောညီထွေ ရှိစေရေး တို့အတွက် ပြန်လည် ပြင်ဆင်ရေး ဆွဲထားပြီး ရက်ပေါင်း (၁၀၀) အတွင်း မြန်မာနိုင်ငံ ခရီးသွားလာရေး ဥပဒေ (မူကြမ်း) အား အတည်ပြု ပြဌာန်း နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ၊ လက်ရှိ ခရီးစဉ် ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ် မြှင့်တင်သွားရေး စသည့် လုပ်ငန်းစဉ်များ ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.