Environment, Disasters & Accidents
ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာမြစ်ဝတွင် သောင်ထွန်း

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
ညောင်တုန်းမြို့၏ မြစ်ကမ်းရေကာတာမှာ နှစ်စဉ်နှစ်တိုင်း နိမ့်ဆင်းပြိုကျလျက်ရှိနေခြင်းကြောင့် ရေဘေးအန္တရာယ် စိုးရိမ်ဖွယ်ရာအခြေအနေများ နှစ်စဉ်ပေါ်ပေါက်လျက်ရှိသဖြင့် နိုင်ငံတော်မှ
နှစ်စဉ် ငွေကြေးမြောက်မြားစွာ အကုန်အကျခံကာ ရေကာတာ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှစ၍ ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ပေါင်းဆုံရာ မြစ်ဝနှင့် ပန်းလှိုင်
မြစ်လယ် (၇ လမ်းထိပ်မှ ၁ဝ လမ်းထိပ်အထိ) သောင်များပေါ်လာခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ညောင်တုန်းမြို့ မြစ်ကမ်းရေကာတာဘေး မှသင်္ဘောများ နေ့စဉ် ခုတ်မောင်းမည်ဆိုပါက ညောင်တုန်းမြို့ မြစ်ကမ်းရေကာတာများသည် သင်္ဘောကြီးများ ၏ စက်အရှိန်ကြောင့် တုန်ခါမှုများဖြစ်ပေါ်ကာ ခံနိုင် ရည်မရှိဘဲ နိမ့်ဆင်းပြိုကျနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)