Environment, Disasters & Accidents
၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မိုင်းမောမြို့၌ ဖြစ်ပွားသော ပေါက်ကွဲမှုကြောင့် ထိခိုက် ၊ သေဆုံးမှု တစ်ချို့ရှိဟုဆို

ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ)
၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မိုင်းမောမြို့၌ မတ် ၂၃ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရသူ နှင့် သေဆုံးသူ တစ်ချို့ရှိခဲ့ကြောင်း လားရှိုးမြို့နယ် ၀ ပြင်ပ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ယနေ့ပြောကြားခဲ့သည်။
“မနေ့က ညနေပိုင်း ၅ နာရီ ဝန်းကျင်ပေါ့။မတော်တဆ ပေါက်ကွဲမှု ဖြစ်ပါတယ်။ကျွန်တော် သိရသလောက် ဂတ်စ်အိုးနဲ့ယမ်းတွေ သိုလှောင်တဲ့ နေရာမှာ ရောပြီး ပေါက်တယ်လို့ယူဆရပါတယ်။ဆောက်လုပ်ရေး ပစ္စည်း သိုလှောင်ထားတဲ့ နေရာမှာ ဖြစ်တာပါ။ထိခိုက် ၊ သေဆုံးမှု တစ်ချို့ရှိပါတယ်။အခု စာရင်း ပြုစုနေတုန်း ပါပဲ။အတိအကျ မသိရသေးပါဘူး။အနည်းအကျဉ်းပါပဲ။”ဟု ၎င်းက ဆင်ဟွာသို့ပြောကြားခဲ့သည်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မိုင်းမောမြို့သည် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပန်ဆန်းမြို့နှင့် ကီလိုမီတာ ၁၇၀ ဝန်းကျင် အကွာအဝေးတွင် တည်ရှိကြောင်း သိရသည်။(Xinhua)