Connect with us

Environment, Disasters & Accidents

၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မိုင်းမောမြို့၌ ပေါက်ကွဲမှုကြောင့် ၁၆ ဦးသေဆုံး

ပေါက်ကွဲမှု ဖြစ်ပွားရာ တစ်ဝိုက်ရှိ ဂတ်စ်အိုးများအား တွေ့ ရစဉ်(ဓာတ်ပုံ - Nyi Rang)

ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မိုင်းမောမြို့၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် လူ ၁၆ ဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း လားရှိုးမြို့နယ် ၀ ပြင်ပ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ယနေ့ ပြောကြားခဲ့သည်။

မိုင်းမောမြို့၌ မတ် ၂၃ ရက် ၊ ညနေပိုင်းတွင် ဆောက်လုပ်ရေး ပစ္စည်းများ သိုလှောင်ရာ နေရာတွင် မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မိုင်းမောမြို့သည် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပန်ဆန်းမြို့နှင့် ကီလိုမီတာ ၁၇၀ ဝန်းကျင် အကွာအဝေးတွင် တည်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.