Environment, Disasters & Accidents
၂၀၁၇ခုနှစ် ဇန်နဝါရီလအတွင်း တစ်နိုင်ငံလုံး၌ မီးလောင်မှု (၁၇၈)ကြိမ် ဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
၂၀၁၇ ခုနှစ် နှစ်ဦးလဖြစ်သည့် ဇန်နဝါရီလတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် မီးလောင်မှု (၁၇၈) ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုး (၁၇၆,၃၂၄,၈၀၀)ကျပ် ဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုများကြောင့် (၁၈၁) ဦးကို အမှုဖွင့် အရေးယူခဲ့ရ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
အဆိုပါ မီးလောင်မှုများတွင် ပေါ့ဆမီး၊ ရှို့မီး၊ဝါယာရှော့ဖြစ်၍ လောင်ကျွမ်းခြင်း၊ မီးကြွင်း မီးကျန်မှလောင်ကျွမ်းခြင်း၊ တောမီးမှ တဆင့်ကူးစက်လောင်ကျွမ်းခြင်း စသည် ဖြင့် မီးလောင်မှု အမျိုးမျိုးရှိရာ မီးလောင်မှုများမဖြစ်ပွားရန် သက်ဆိုင်ရာ ဌာနဆိုင်ရာ များ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇန်နဝါရီလအတွင်း မီးလောင်မှုမှာ နေပြည်တော်ကောင်စီနယ်မြေတွင် (၆) ကြိမ် ဆုံးရှုံးမှု တန်ဘိုး (၇၄၂,၅၀၀)ကျပ်၊ ကချင်ပြည်နယ်တွင် (၈) ကြိမ် ဆုံးရှုံးမှု တန်ဘိုး (၂၅,၅၈၃,၂၅၀)ကျပ်၊ ကယားပြည်နယ်တွင် (၄) ကြိမ်ဆုံးရှုံးမှု တန်ဘိုး (၅,၁၃၇,၅၀၀) ကျပ်၊ ကရင်ပြည်နယ်တွင် (၅) ကြိမ်ဆုံးရှုံးမှု တန်ဘိုး (၃,၂၁၀,၀၀၀)ကျပ်၊ ချင်းပြည်နယ် တွင် (၁) ကြိမ်ဆုံးရှုံးမှု တန်ဘိုး (၅၀,၀၀၀)ကျပ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂၀) ကြိမ်ဆုံးရှုံးမှု တန်ဘိုး (၈,၆၈၈,၈၅၀)ကျပ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၁၀) ကြိမ် ဆုံးရှုံးမှု (၁၈၆၈၈၇၅၀)ကျပ်၊ ပဲခူးတိုင်းဒေသကြီးတွင် (၁၅) ကြိမ် ဆုံးရှုံးမှုတန်ဘိုး (၄,၇၆၅,၀၀၀)ကျပ်၊ မကွေးတိုင်းဒေသကြီးတွင် (၁၁) ကြိမ် ဆုံးရှုံးမှုတန်ဘိုး (၂,၆၀၉,၅၀၀) ကျပ်၊ မန္တလေးတိုင်းဒေသကြီးတွင် (၁၆) ကြိမ် ဆုံးရှုံးမှုတန်ဘိုး (၃,၂၅၈၆,၅၀၀) ကျပ်၊ မွန်ပြည်နယ်တွင် (၁၁) ကြိမ်ဆုံးရှုံးမှု တန်ဘိုး (၈,၈၇၆,၅၀၀)ကျပ်၊ ရခိုင်ပြည်နယ်တွင် (၁၁) ကြိမ်ဆုံးရှုံးမှု တန်ဘိုး (၁၂,၀၄၁,၀၀၀)ကျပ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၂၂) ကြိမ် ဆုံးရှုံးမှုတန်ဘိုး (၂၄,၆၁၁,၅၀၀) ကျပ်၊ ရှမ်းပြည်နယ်တွင် (၁၆) ကြိမ်ဆုံးရှုံးမှု တန်ဘိုး (၁၅,၂၂၇,၅၀၀)ကျပ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၂၂) ကြိမ် ဆုံးရှုံးမှုတန်ဘိုး (၁၃,၅၀၆,၄၅၀) ကျပ်ဘိုး ဆုံးရှုံးခဲ့ရသည်။
သို့ပါ၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဇန်နဝါရီလတွင် မီးလောင်မှုကြောင့် (၁၇,၆၃၂၄,၈၀၀)ကျပ်ဘိုး ဆုံးရှုံးခဲ့ရပြီး မန္တလေးတိုင်းဒေသကြီးတွင် ဆုံးရှုံးမှု (၃၂,၅၈၆,၅၀၀) ကျပ် ဖြစ်၍ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆုံးရှုံးမှုအများဆုံး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)