Connect with us

Environment, Disasters & Accidents

ယာဉ်ငါးစီးဆင့်တိုက်မှု သထုံတွင်ဖြစ်ပွား

ယာဉ်တိုက်မှုဖြစ်စဉ်အားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ အခွန်လွတ်ဈေးအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ဖေဖေါ်ဝါရီလ ၇ ရက်၊ ည ၈ နာရီဝန်းကျင်ခန့်က ယာဉ် ၅ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း သီဟတင်ဌေး ၂၆ နှစ် (ဘ) ဦးခင်မြင့် ကျိုက်ထိုမြို့နယ်နေသူ မောင်းနှင်လာသည့် 4M/—- JAC အဖြူရောင် ကွန်ကရစ် သယ်ယာဉ်နှင့် မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း အောင်မြင့်နိုင် ၃၂ နှစ် (ဘ) ဦးရွှေ တောင်ငူမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ်၊ 9L/—- Nissan Diesel ၁၈ ဘီးယာဉ် (တွဲကား)တို့ တိုက်မိကြပြီး ကွန်ကရစ်သယ်ယာဉ်သည် ရှေ့မှသွားနေသော ဘုရားဖူးမှန်လုံယာဉ် တစ်စီး၊ ဟွန်ဒိုင်းတစ်စီးနှင့် အိမ်စီးမော်တော်ယာဉ်တစ်စီးတို့အား ထပ်မံတိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ တွဲကားမောင်းနှင်သည့် ယာဉ်မောင်း အောင်မြင့်နိုင်နှင့် ကွန်ကရစ်သယ်ယာဉ် မောင်းနှင်သူ သီဟတင်ဌေးတို့အား သထုံမြို့မ ရဲစခန်းမှ ယာဉ် (ပ) ၁၃/ —- ရာဇသတ်ကြီး ပုဒ်မ -၂၇၉ အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.