Connect with us

Environment, Disasters & Accidents

ရွှေဘို-မြစ်ကြီးနား ကားလမ်း၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၂ ဦး သေဆုံး

ရွှေဘို-မြစ်ကြီးနား ကားလမ်း၌ တိမ်းမှောက်သွားခဲ့သည့် ယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

ရွှေဘိုမြစ်ကြီးနား ကားလမ်း မိုင်တိုင် (၄၀/၄၁)ကြား၌ ဆီဘောက်ဆာ ၁၀ ဘီးယာဉ် တစ်စီး တိမ်းမှောက် ခဲ့မှုကြောင့် ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်တို့သည် သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုဂါလံ ၃၂၀၀ ဆံ့ ဆီဘောက်ဆာ ၁၀ ဘီးယာဉ်သည် ဧပြီ ၁၉ ရက် ညနေပိုင်း အချိန်တွင် ကုန်းဆင်းအကွေ့၌ အရှိန် မထိန်းနိုင်ဘဲ လမ်းဝဲဘက်သို့ တိမ်းမှောက်သွားခဲ့သဖြင့် ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် တို့သည် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုကြောင့် ယာဉ်မောင်း ဖြစ်သူအား ကန့်ဘလူမြို့မရဲစခန်း ယာဉ်(ပ)၁၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က(ပေါ့လျော့မှုကြောင့် လူသေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.