Connect with us

Environment, Disasters & Accidents

ဖြူးမြို့အနီး အင်အား ရစ်(ခ်)တာ စကေး ၄.၈ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

ဖြူးမြို့ အနီး ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် မြေငလျင် တည်နေရာပြ မြေပုံအား တွေ့ ရစဉ်(ဓာတ်ပုံ- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန် ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး ၄.၈ အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင် တစ်ခုသည် ယနေ့ဧပြီ ၂၀ ရက် နံနက်ပိုင်းတွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ဖြူးမြို့အနောက်တောင်ဘက်အား ဗဟိုပြု၍ လှုပ်ခတ်ခြင်း ဖြစ်ပြီး ငလျင် ဗဟိုချက်မှာ တောတောင်များ အတွင်း၌ ဖြစ်ပြီး အနက်တိမ်၍ ဖြူးမြို့နှင့် တိုက်ကြီးမြို့များမှ သိရှိ ခံစားမိခဲ့ကြောင်း မိုးလေဝသ နှင့် ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထိုမြေငလျင်သည် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် မိုင်(၁၀၀) ခန့် ကွာဝေးသော ဖြူးမြိ့ု၏ အနောက်တောင်ဘက် (၂၉)မိုင်ခန့်အကွာ ၊ မြောက်လတ္တီတွဒ် ၁၈.၃၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၃ ဒီဂရီ၊ အနက်(၂၃)ကီလိုမီတာကို ဗဟိုပြု၍ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၄၅)မိနစ်၊ (၂၂)စက္ကန့် အချိန်တွင် လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း မြေငလျင် သတင်း ထုတ်ပြန်မှု အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.