Environment, Disasters & Accidents
အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် နောက်(၄၈)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကာ၊ အဆိုပါလေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ (၁၅:၃၀)နာရီအချိန် တိုင်းထွာချက် ကို ထုတ်ပြန်ခဲ့သည်။