Connect with us

Environment, Disasters & Accidents

အာရှဒေသရှိ မြို့ကြီးများတွင် မြန်မာနိုင်ငံရှိ နေပြည်တော် နှင့် ရန်ကုန်မြို့တို့သည် အပူချိန်အမြင့်ဆုံး မြို့ကြီးများအဖြစ်ရှိ

အပူဒဏ်ခံစားရမည့် သူများအတွက် လိုက်နာရမည့် အချက်များအားတွေ့ရစဉ် (ဓာတ်ပုံ--ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

အာရှဒေသရှိ မြို့ကြီးများတွင် မြန်မာနိုင်ငံရှိ နေပြည်တော် နှင့် ရန်ကုန်မြို့တို့သည် ဧပြီလ ၂၅ ရက်တွင် အပူချိန်အမြင့်ဆုံး ဖြစ်ပွားလျက်ရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်မြို့ တွင် အမြင့်ဆုံးအပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် အမြင့်ဆုံးအပူချိန် ၄၀ဒီဂရီစင်တီဂရတ်ရှိကာ အာဆီယံဒေသတွင်းနိုင်ငံများရှိ မြို့ကြီးများ နှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံးအဆင့်တွင် ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏ မြို့တော် ဒက်ကာ မြို့၏ အမြင့်ဆုံး အပူချိန်မှာ၃၉ ဒီဂရီစင်တီဂရိတ် ရှိပြီး အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ ၏ အမြင့်ဆုံးအပူချိန် မှာ ၃၇ ဒီဂရီစင်တီဂရိတ် တွင်ရှိသည်။

ထိုကဲ့သို့ အပူချိန်မြင့်တက်သကဲ့သို့ တစ်ဖက်တွင်လည်း ခရမ်းလွန်ရောင်ခြည်ပါဝင်မှု (UV Index) လည်းမြင့်မားလျက်ရှိကြောင်း သိရသည်။

အပူချိန်နှိုင်းယှဉ်မှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ–မိုးဇလ)

အပူဒဏ်ကာကွယ်ရန် ထီးဖြင့်သွားလာနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်က “ကျွန်တော်တို့ဌာန အနေနဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့၃မြို့မှာ UV ညွှန်းကိန်းတိုင်းတာဖြစ်တယ်။ မနက်ပိုင်းတွေမှာတော့ ခရမ်းလွန်ရောင်ခြည်ပါဝင်မှုက အလယ်လတ် အဆင့်မှာရှိပြီး မွန်းတည့် ၁၂ နာရီ ကနေ မွန်းလွဲ ၃ နာရီကြားမှာတော့ ခရမ်းလွန်ရောင်ခြည်က အလွန်မြင့်မားတဲ့ အဆင့်မှာရှိတယ်’’ ဟုဆင်ဟွာကိုပြောသည်။

ခရမ်းလွန်ရောင်ခြည်ပါဝင်မှုနှုန်းကို အဆင့်အလိုက်သတ်မှတ်ခြင်းဖြစ်ပြီး ၁ မှ ၂ ကြားကို ခရမ်းလွန်ရောင်ခြည် နည်းသောအဆင့်၊ ၃ မှ ၅ ကြား ကို အလယ်အလတ် အဆင့်၊ ၆ မှ ၇ ကြားကို မြင့်သော အဆင့်၊ ၈မှ ၁၀ကြားကို အလွန်မြင့်သောအဆင့် နှင့် ၁၁ နှင့် အထက် ခရမ်းလွန်ရောင်ခြည် လွန်ကဲပြင်းထန်သော (Extreme) အဆင့်ဟူ၍ သတ်မှတ်ကြောင်း သိရသည်။

ဦးသန်းနိုင်က “လောလောဆယ်မှာ အရမ်းပူတဲ့ အချိန်မှာ ခရမ်းရောင်ခြည်အလွန်မြင့်တဲ့ အဆင့်မှာတော့ ရှိတယ်။ ဒါပေမယ့် Extreme အဆင့်တော့ မရောက်သေးဘူး’’ ဟုဆင်ဟွာကို ပြောသည်။

လက်ရှိတွင် အပူချိန် မြင့်မားနေသည့် အတွက် မြန်မာနိုင်ငံရှိ မြို့တစ်ချို့တွင် အပူချိန်များစံချိန်သစ်တင် မြင့်တက်လျက်ရှိသည်။

ဧပြီလ ၂၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် နှစ်ပေါင်း ၇၃ နှစ် အတွင်း အမြင့်ဆုံး အပူချိန် စံချိန်သစ်တင် မြင့်တက်ခဲ့သည်။ ပုသိမ်မြို့တွင် မူလအမြင့်ဆုံးအပူချိန်စံချိန်ဟောင်းမှာ ၄၁.၅ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး၊ အမြင့်ဆုံးအပူချိန်စံချိန်သစ်မှာ ၄၁.၈ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။

ထို့အတူ ဧပြီလ ၂၄ ရက်တွင် မွန်ပြည်နယ်ဘီးလင်းမြို့တွင်လည်း နှစ်ပေါင်း ၅၄ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့သည်။ ဘီးလင်းမြို့တွင် အမြင့်ဆုံးအပူချိန် စံချိန်ဟောင်းမှာ ၃၉.၈ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး၊ အမြင့်ဆုံးအပူချိန် စံချိန်သစ်မှာ ၄၀.၁ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် အပူချိန်မြင့်မား မှု နှင့် ခရမ်းလွန်ရောင်ခြည်ပါဝင်မှုများပြားနေ သည့်အတွက် ကျန်းမာရေးသတိပေးချက်များအားနေ့စဉ် ထုတ်ပြန်လျက်ရှိသည်။ အပူဒဏ်အန္တရာယ်နှင့်ပတ်သက်၍ အခြေခံကျန်းမာရေးဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက်များ ကိုလည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.