Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ Alphardယာဉ် အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်မှုကြောင့် လူ၄ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိ

အမြန်လမ်းမကြီးပေါ်၌ ယာဉ် အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်မှုအား ကယ်ဆယ်ရေး ဆောင်ရွက်စဉ်(အမြန်လမ်းရဲတပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်-၂၀/၄ -၂၀/၅ ကြားတွင်နေပြည်တော်ဘက်မှရန်ကုန်ဘက်သို့ မောင်းနှင်လာသော Alphard ယာဉ်သည် ယနေ့ နံနက် ၆နာရီခွဲတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုကြောင့် လူ ၄ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာဉ်သည်  လမ်းအကွေ့တွင်အရှိန်မထိန်းနိုင်ပဲ လမ်းလယ် တန်းအားဝင်ရောက် တိုက် မိတိမ်းမှောက်သွားခဲ့ခြင်းဖြစ်ပြီး ယာဉ် ပေါ်ပါ ၁၁ဦးအနက် ကလေးငယ် ၂ဦးအပါအဝင် ၄ဦးသေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူ ၅ဦးကိုလည်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့  ဘောနတ်ကြီးစခန်း မှတပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့ များ ကကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အမြန်လမ်းမကြီးပေါ်၌ ယာဉ် အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်မှုအား ကယ်ဆယ်ရေး ဆောင်ရွက်စဉ်(အမြန်လမ်းရဲတပ်ဖွဲ့)

အလားတူ ယနေ့ နံနက် ၈နာရီခန့်တွင်လည်း  နေပြည်တော်- ရန်ကုန်လမ်း မိုင်တိုင် ၇၁/၇ -၇၂/၀ အကြား တွင် ခရီးသည် ၁၄ ဦး လိုက်ပါလာသော light truck  အဖြူ ရောင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်း များ ကို ဝင်ရောက်တိုက်မိကာ ယာဉ်ထက်ပိုင်းကျိုးတိမ်းမှောက်၍ လူ ၁ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။(Xinhua)