Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ်တွင် ဘုရားဖူးယာဉ် ချောက်အတွင်းကျပြီး လူ ၁၆ ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရရှိ

ချောက်အတွင်းသို့ ကားပြုတ်ကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

 

ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် ရွာငံကြားမိုင်တိုင် အမှတ် ၂၈မိုင်၃ဖာလုံ  တုတ်ထိုးရေရွာအုပ်စု ယုန်တောင်ကျေးရွာအပိုင်တွင် အောက်တိုဘာ ၂၈ ရက် ည ၇နာရီကျော်က ဘုရားဖူးလာရောက်သော light truckယာဉ် တစ်စီး ချောက်အတွင်းပြုတ်ကျခဲ့ရာမှ လူ ၁၆ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းလတ် ဆင်ဟွာသို့ပြောကြားသည်။ 

” ညကတော့ ၁၀ယောက်ကယ်နိုင်ခဲ့တယ်၊ ခုချိန်ထိ(အောက်တိုဘာ ၂၉ရက် နံနက်ပိုင်းထိ) ကားရော အခြားလူတွေ dead bodyတွေ ရှာမတွေ့သေးဘူး”ဟု ၎င်းက ဆိုသည်။

ချောက်အတွင်းသို့ ကားပြုတ်ကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

အဆိုပါ ဘုရားယာဉ်ပေါ်တွင် သံဃာ၊ ကလေးငယ်နှင့် လူလတ်ပိုင်း အပါအဝင်စုစုပေါင်းလူ ၂၆ ဦးလိုက်ပါသွားကြောင်း ၊ ၎င်းချောက်သည် ပေပေါင်းများစွာနက်ကြောင်း အမျိုးသား၊အမျိုးသမီးနှင့် ကလေးငယ် ၁၀ ဦး ကယ်ဆယ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့်  ရွာငံပရဟိတခေါင်းဆောင် ဦးအေးမင်းစိုးက ပြောကြားသည်။

 

လက်ရှိတွင် ဒဏ်ရာရရှိသူများကို မန္တလေးနှင့် ရွာငံ ဆေးရုံများသို့ ပို့ဆောင်ကုသလျက်ရှိပြီး ချောက်အတွင်းရှိ ယာဉ်နှင့် လူများကို ယနေ့ ဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

” ချောက်ကပေနက်တယ်၊ ကျန်တဲ့ dead body တွေကို ဒီမနက် ဆက်ရှာပေးနေတယ်”ဟု ဦးအေးမင်းစိုးက ပြောသည်။

 

ယင်း ဘုရားဖူးယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး 

ရွှေဘိုမြို့နယ် ခွန်တောင်းကြီးကျေးရွာမှ လာရောက်သူများဖြစ်ကြောင်း သိရသည်။(Xinhua)