Environment, Disasters & Accidents
ရန်ကုန်-မန္တလေး အမြန်လမ်းအတွက် ၁၉၂ Call Centre တစ်ခုဖွင့်လှစ်
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)
ရန်ကုန်-မန္တလေး အမြန်လမ်းအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးရန်အတွက် နေပြည်တော် ပြည်သူ့ဆေးရုံကြီး၌ ၁၉၂ Call Centre တစ်ခုဖွင့်လှစ်ထားကြောင်း သိရသည်။
ပထမအဆင့်အနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် အရေးပေါ် ၁၉၂စင်တာကို သြဂုတ် ၁ ရက်တွင်စတင်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး အမြန်လမ်းတစ်လျှောက် တွင်လည်း မိုင်တိုင် ၄ဝ ခြားတွင် ပွိုင့်တစ်ပွိုင့် စီနှင့် ပွိုင့် ၁ဝ ပွိုင့်တွင် အရေးပေါ်ကားများ ထားရှိပေးထားကြောင်း အရေးပေါ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ၁၉၂ စင်တာကို ၂၄ နာရီလုံးခေါ်ဆိုနိုင်ရန်အတွက် ဝန်ထမ်းများအားသင်တန်း ပို့ချ ပေးထားကြောင်း၊ အမြန်လမ်းတစ်လျှောက်၌ အရေးပေါ်ဖြစ်လာသည့် အချိန်တွင် ဆက်သွယ်နိုင်ရေး အတွက် စကားပြော စက်များ စီစဉ်ထားသကဲ့သို့ နီးစပ်ရာ ဆေးရုံကိုအမြန်ဆုံး သွားရောက်ပို့ဆောင်နိုင်ရေး အတွက် စကားပြော စက်များနှင့် လမ်းညွှန် မြေပုံများကိုလည်း စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ဖုန်းခေါ်ဆိုမှုကို MPT နှင့် Telenor ဆက်သွယ်ရေး အော်ပရေတာ နှစ်ခုသာ ရရှိသေးပြီး မရရှိသေးသည့် ဆက်သွယ် ရေး အော်ပရေတာအတွက်လည်း လုပ်ဆောင်ပေး သွားမည်ဖြစ် ကြောင်း၊ ၁၉၂ သို့ စတင် လက်ခံဖွင့် လှစ်ချိန်တွင် တစ်နေ့လျှင် ဖုန်းခေါ် ဆိုမှု ၁ဝဝဝ နီးပါးသာရှိသော်လည်း လက်ရှိတွင် ဖုန်းခေါ်ဆိုမှု တစ်နေ့ ၁ဝ,ဝဝဝ ကျော်ခန့် ရှိပြီး ယင်းဖုန်းခေါ်ဆိုမှုများသည် အရေးပေါ် အကူအညီတောင်းခံမှုများ မဟုတ်ဘဲ နှောင့်ယှက်ခေါ်ဆိုမှုများ ပါရှိသည့် အတွက် အမှန်တကယ် အရေးပေါ် ခေါ်ဆိုမှုရှိလာပါက ကြန့်ကြာမှုများ ရှိလာနိုင်သောကြောင့် အရေးပေါ် မဟုတ်ဘဲ Call Centre ဖုန်းကို မခေါ်ဆိုသင့်ကြောင်း သိရသည်။ (Xinhua)