Connect with us

Environment, Disasters & Accidents

မန္တလေးမြို့ ချမ်းမြ သာစည်မြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးထား

ချမ်းမြသာစည်မြို့နယ်တွင် ရေကြီးရေလျှံမှုအားတွေ့ရစဉ် (M.O.I)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

မန္တလေးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာတော်တော်များများတွင် ရေဝပ် ရေလျှံ မှုများဖြစ်ပေါ် လျက်ရှိခဲ့ရာ ချမ်းမြသာစည်မြို့နယ်အတွင်း တောင်ကျရေများနှင့်အတူ ပန်းရံတော်ချောင်းရေလျှံမှုကြောင့် ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့ပြီး အိမ်ထောင်စု အချို့ ရေလွတ်ရာနေရာများရှိ ယာယီ ရေဘေးကယ်ဆယ်ရေး စခန်း များတွင် ပြောင်းရွှေ့ထားရကြောင်းပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

မြို့နယ်အတွင်းရှိ အောင်ပင်လယ်ရပ်ကွက်မှ ပြောင်းရွှေ့အိမ်ထောင်စုများအား ကြွက်ခဲဘုရားတွင် အိမ်ထောင်စု (၄၆)စုမှ လူဦးရေ ၁၇၂ဦး၊ ဗုဒ္ဓဝါဒီ ဓမ္မာရုံတွင် အိမ်ထောင်စု (၂၅)စုမှ လူဦးရေ(၉၃)ဦး၊ ဆဆ-၆ ဓမ္မာရုံတွင် အိမ်ထောင်စု (၂၀)မှ လူဦးရေ (၉၀)ဦး၊ ဝေဇယန္တာဓမ္မာရုံတွင် အိမ်ထောင်စု (၄၇)မှ လူဦးရေ (၁၇၉)ဦး နေရာချထားပေးထားပြီး၊ မြို့သစ် (၄) ရပ်ကွက်ရှှိ အိမ်ထောင်စု (၂၀)မှလူဦးရေ (၇၅) ဦးအား သိုးခြံဘူတာတွင်လည်းကောင်း၊ ထွန်တုံး ရပ်ကွက်မှ အိမ်ထောင်စု များအတွက် လေးမျက်နှာဘုရားတွင်အိမ်ထောင်စု (၃၄)မှ လူဦးရေ (၁၂၇)ဦး၊ စက္ကပါလ ဓမ္မာရုံတွင် အိမ်ထောင်စု (၇)စုမှ လူဦးရေ (၂၉)ဦး၊ ရတနာမာန်အောင် ဓမ္မာရုံ တွင် အိမ်ထောင်စု (၅၀)မှ လူဦးရေ (၂၅၀)ဦး ပြောင်းရွှေ့ပေးထားပြီး ကံသာယာရပ်ကွက်အတွက် အထက (၃၁)တွင် အိမ်ထောင်စု ၁၅၀ လူဦးရေ (၇၁၈) ဦး စသည်ဖြင့် မြို့နယ် အတွင်း မှ ရေဘေးရှောင် အိမ်ထောင်စုပေါင်း ၃၉၉မှ ပြောင်းရွှေ့လူဦးရေပေါင်း ၁၇၃၃ ဦးတို့ကို ယာယီ ရေဘေးရှောင် စခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေး ထားကြောင်းသိရသည်။
ရေဘေးရှောင် မိသားစုဝင်များအတွက် သောက်သုံးရေသန့်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး၊ စားသောက် နေထိုင်ရေး များကို တာဝန်ရှိသူများက စီစဉ်ပေးထားပြီး ရေဝင်ရောက်နေမှုအား အမြန်ကျ ဆင်းရေး အတွက် တစ်နာရီ ဂါလံ ၁သိန်း စုပ်ထုတ်နိုင်သော ရေထုတ် စက်ကြီး များဖြင့် ရေစုပ်ထုတ်ပေးလျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.