Connect with us

Environment, Disasters & Accidents

ဘီးပေါက်ပြီး ခရီးစဉ် နှောင့်နှေးခဲ့သော Golden Myanmar Airlines လုံခြုံ စိတ်ချရပြီဟု ထုတ်ပြန်

Golden Myanmar Airlines မှ လေယာဉ် တစ်စီး ရန်ကုန် လေဆိပ်၌ လေယာဉ်ဘီး မတော်တဆ ပေါက်မှု ဖြစ်ပွားစဉ် (ဓာတ်ပုံ-ကျော်စွာမင်း)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

ရန်ကုန်မှ ညောင်ဦးသို့ ပျံသန်းမည့် Golden Myanmar Airlines လေယာဉ် ဘီးပေါက်မှုကြောင့် ခရီးစဉ် နှောင့်နှေးခဲ့သော်လည်း အခြေအနေ လုံခြုံစိတ်ချ ဘေးကင်းသွားပြီဟု Golden Myanmar လေကြောင်းလိုင်းက ထုတ်ပြန်သည်။

ယနေ့ နံနက် ၆ နာရီ ၁၀ မိနစ်တွင် ရန်ကုန်- ညောင်ဦး Fight No. Y5-101 သည် လေယာဉ် ပြေးလမ်းပေါ် လေယာဉ်ဘီး မတော်တဆ ဖြစ်မှု၌် ခရီးသည်များ အားလုံး ဘေးကင်းစွာ လုံခြုံမှု အပြည့်ဖြင့် စိတ်ချရ ပြီးဖြစ်ကြောင်း၊ လေကြောင်းလိုင်းမှ ဝန်ထမ်းများမှလည်း ခရီးသည်များ အားလုံးကို အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် ဆောင်ရွက် ပေးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရီးစဉ်များ နှောင့်နှေး ကြန့်ကြာမှု့များနှင့် အဆင်မပြေမှုများ အတွက် နှစ်ပေါင်းများစွာကြာ အစဉ်တစိုက် အားပေးခဲ့ကြသော ခရီးသွား မိတ်ဆွေများအား ရွှေမြန်မာ လေကြောင်းလိုင်း ဝန်ထမ်းများမှ အနူးအညွတ် လေးစားစွာ တောင်းပန်အပ်ကြောင်း ထုတ်ပြန်ချက်တွင် ထည်သွင်း ပြောကြားထားသည်။

“ခရီးသည် ၃၉ ဦးလိုက်ပါတဲ့ လေယာဉ်က ရန်ကုန်လေဆိပ်ရဲ့ ပြေးလမ်းပေါ်မှာ ဘီးပေါက်ပြီး မီးတွေ ထတောက်လို့ ခရီးစဉ် ရွှေ့ဆိုင်းလိုက်ရပါတယ်”ဟု ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.