Connect with us

Environment, Disasters & Accidents

အင်အား ရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိ မြေငလျင် တစ်ခု ချောက်မြို့အနီး လှုပ်ရှားသွားခဲ့

မြေငလျင်ပြ မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မတ် ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံပြည်တွင်းရှိ ချောက်မြို့၏ အနောက်တောင်ဘက် (၁၁)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုသည် ယနေ့မတ် ၇ ရက် နံနက်ပိုင်း အချိန်တွင် လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

အင်အား ရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိ ထိုမြေငလျင်က မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၂၂ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ချောက်မြို၏ အနောက်တောင်ဘက် ၁၁ မိုင်ခန့်အကွာကို ဗဟိုပြု၍ ယနေ့နံနက်ပိုင်း ၉ နာရီ ၄၄ မိနစ်တွင် လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပြီး မြေငလျင်လှုပ်ရှားခြင်းကို ချောက်မြို့မှ သတိပြုမိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.