ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေ မြင့်တက်နေသည့်အတွက် ဗန်းမော်မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) တောင်ကျရေစီးကျမှုကြောင့် ပိတ်ဆို့နေသော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-မန်တပ် ရွှေလီရေအား လျှပ်စစ်စီမံကိန်းလမ်းမကြီးသည် ယခု မော်တော်ယာဉ်များပုံမှန်အတိုင်း ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ရေသည် ဒုတိယအကြိမ် မြင့်တက်လာမှုကြောင့် အထက်ပိုင်းဒေသသို့ ပြေးဆွဲလျက်ရှိသော ကုန်စည်၊ ခရီးသည်ပို့ဆောင်ရေး ရေယာဉ် ခရီးစဉ်များအား သြဂုတ်လ(၁၆)ရက်နေ့မှ (၂ဝ)ရက်နေ့အထိ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) မြန်မာ့ ပင်လယ်ပြင် အတွင်း မြိတ်မြို့၏ အနောက် တောင်ဘက် ရေမိုင် ၇၇ မိုင်ခန့် အကွာတွင် ငါးဖမ်းဝါးလတ် လှေ တစ်စီးသည် သြဂုတ် ၁၃ ရက်တွင် စက်ခန်းအတွင်းပေါက်ကွဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး...
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပြီး၊ အဆိုပါ မြစ်ရေသည် နောက် (၂) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) ချင်းတွင်းမြစ်ရေ နှင့် ဧရာဝတီမြစ်ရေ တို့သည် ခန္တီး ၊ ဟုမ္မလင်း နှင့် ရွှေကူ မြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒ...
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ပျက်ကျ Y-8 လေယာဉ်၏ ကျန်ရှိနေသေးသည့် လေယာဉ်အစိတ်အပိုင်း များအားရှာဖွေရာတွင် လေယာဉ်၏ Fuel Control Unit တစ်ခုအပါအဝင် လေယာဉ်ကိုယ်ထည်အစိတ်အပိုင်းများအား ထပ်မံရှာဖွေ ဆယ်ယူရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၁)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ဧရာဝတီ မြစ် နှင့် ချင်းတွင်းမြစ်ရေ တို့ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်သည့် အတွက် ရွှေကူမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ယခုနှစ် ရေတိုက်စားပြီး ကမ်းပါးပြိုမှုသည် ဧပြီ ၁ ရက်မှ ဇူလိုင်၃၁ ရက်အထိ ၁၈၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနထံမှ သိရသည်။