ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၌ ယနေ့( သြဂုတ် ၂၀ ရက်) နံနက် ၉နာရီ ခန့်က ကျောက်တင်ရထားမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ လေးလွန်းပင်ကျေးရွာ၊ လေးလွန်းပင်ကွေ့၊ ပုသိမ်-ရန်ကုန်ကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၈/၂)နှင့်(၃၈/၃)ကြားတွင် ယနေ့ (သြဂုတ် ၂၀ရက်) နေ့လည် ၂နာရီ ၁၅ မိနစ်တွင် Nissan ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုကြောင့် လူ ၃ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်သော...
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက် ရေကန်၌ ကမ်းပါးပြိုကျမှုကြောင့် သေဆုံးသူ ၃၃ဦးထိ တိုးလာကြောင်း ဖားကန့်မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ “ပျောက်ဆုံးစာရင်းကတော့ အတိအကျ ရနိုင်ဖို့ခက်တယ်၊ အဲဒီအနီး ဒေသခံတွေ ပြုစုတဲ့ စာရင်းအရ ၃၆ ဦးပေါ့” ဟု...
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက် ရေကန်၌ ကမ်းပါးပြိုကျမှုကြောင့် ပျောက်ဆုံးနေ သူများ၏ ရုပ်အလောင်း ၁၉ လောင်းကို ယနေ့(သြဂုတ် ၁၅ ရက်) တွင် ရှာဖွေတွေ့ရှိကြောင်း ဖားကန့်မြို့မရဲစခန်း၏ စခန်းမှူး ဒုရဲမှူး ဟန်ဝင်းလှိုင်က ဆင်ဟွာသို့...
ရန်ကုန်၊ ဩဂုတ်လ ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း သြဂုတ် ၁၃ ရက် မွန်းလွဲ ၃ နာရီခန့်က ကမ်းပါးပြိုကျမှုကြောင့် လက်ကျင်းကျောက်တူးနေသူ ၃၀ ကျော် ရေကန်နွံအတွင်းနစ်မြုပ်ပျောက်ဆုံးလျက်ရှိကြောင်း ဖားကန့်မြို့မရဲစခန်းထံမှ သိရသည်။ “မနေ့က အလောင်း၂လောင်းပြန်ပေါ်တယ်၊ ကျန်တာတော့ ရှာမရသေးဘူး၊...
ရန်ကုန်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုနှင့် ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ပဲခူးမြို့အတွင်း ရပ်ကွက် ၁၁ ခု နှင့် ကျေးရွာအချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ပဲခူးမြို့၌ရေဘေးသင့် ပြည်သူများကို ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၂၉ ခု ဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်ပေးလျက်ရှိကာ ဩဂုတ်လ ၁၂...
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၅,၀၀၀ ကျော်မှာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လေးရွှေစင်ဦးက ဆင်ဟွာသို့ ပြောသည်။ ဒေါ်လေးရွှေစင်ဦးက...
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ၂၀၂၃ ခုနှစ် ၇လတာကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၆၀ ဦး သေဆုံးခဲ့ပြီး လူ ၁၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ...
ရန်ကုန်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြစ်ရေများမှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခဲ့သောကြောင့် လူပေါင်း ၁၈,၀၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ “ကရင်ပြည်နယ်က မြို့နယ် ခြောက်ခုမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေ ထပ်ပြီး ပြင်ဆင်နေပါတယ်”...
ရန်ကုန်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်တွင် လှေတစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် စစ်တွေမြို့နယ်အတွင်း ရှိ ကမ်းစပ်များ၌ ရုပ်အလောင်း ၁၇ လောင်းကို ပြန်လည်ရှာတွေ့ထားကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဦးရာလက ဆင်ဟွာသို့ ယနေ့ ဩဂုတ် ၁၀ ရက်တွင်ပြောသည်။ “ကျွန်တော်တို့ဖောင်ဒေးရှင်းအနေနဲ့ ရုပ်အလောင်းတွေကို...