Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်

မြန်မာနိုင်ငံ၌ ငလျင်ကြောင့် ပျက်စီးနေမှုဖြစ်ပေါ်ခဲ့သော နေရာများတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်စဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု အများအပြားဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (ဧပြီ ၃ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် နေအိမ်များ၊ ရုံးများ၊ စာသင်ကျောင်းများ၊ သာသနာ့နယ်မြေများ၊ ဆေးရုံများနှင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့် အိမ်ခြေ ၂၁,၇၈၃ လုံး၊ ရုံးဌာနအဆောက်အအုံ ၈၀၅ လုံး၊ ဝန်ထမ်းအိမ်ရာ ၁၁၅ လုံး၊ စာသင်ကျောင်း ၁,၀၄၁ လုံး၊ ဘုန်းကြီးကျောင်း နှင့် သီလရှင်ကျောင်း ၉၂၁ ကျောင်း၊ ဘုရားစေတီ ၁,၆၉၀ ဆူ၊ အခြားဘာသာရေး အဆောက်အဦ ၃၁၂ လုံး၊ ဆေးရုံ/ဆေးခန်း ၄၈ လုံးနှင့် သီးနှံ ၄၅ ဧက ပျက်စီးခဲ့ကြောင်း သိရသည်။

မြေငလျင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အစိုးရမှ ကျပ်ငွေ ဘီလီယံ ၅၀၀ သုံးစွဲမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117