Connect with us

Environment, Disasters & Accidents

Y-8 လေယာဉ် အမြီးပိုင်းအား ဆယ်ယူနိုင်ခဲ့ပြီး ပျက်ကျရသည့် အကြောင်းအရင်းအား ဖော်ထုတ်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိ

ပျက်ကျ လေယာဉ် အမြီးပိုင်းအား ဆယ်ယူရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား တွေ့ ရစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

ပင်လယ်ပြင်အတွင်းပျက်ကျခဲ့သည့် တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်၏ FDR – Flight Data Recorder (Black Box) နှင့် CVR – Cockpit Voice Recorder တို့ ပါရှိသည့် လေယာဉ်အမြီးပိုင်းအား ဆယ်ယူ နိုင်ခဲ့ပြီး ပျက်ကျရသည့် အကြောင်းအရင်းအား ဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။

ဇွန် ၁၅ ရက်တွင် တွေ့ရှိခဲ့သည့် လေယာဉ်အမှတ်၊ ၅၈၂၀ အမှတ်အသားပါ လေယာဉ် အမြီးပိုင်း နေရာ ပတ်ဝန်းကျင်တွင် အပိုင်းအစအချို့အားတွေ့ရှိပြီး ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရေယာဉ်ပေါ်သို့ ဆယ်ယူ နိုင်ခဲ့ကြောင်း ၊ လေယာဉ်အမြီးပိုင်းအား လေအိတ်များအသုံးပြု၍ ရေမျက်နှာပြင်ပေါ်သို့ မတင်ဆယ်ယူခဲ့ပြီး ညနေ ၃ နာရီခွဲတွင် ရေယာဉ်ပေါ်သို့ တင်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ထို့အတူ ကျန်အစိတ်အပိုင်းများအား ရှာဖွေရရှိရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ဒေသခံ ငါးဖမ်း စက်လှေများ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.