Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ်တွင်းရှိ ရပ်ကွက် ၊ ကျေးရွာများ အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေများ ၃ ပေမှ ၆ ပေခန့် အထိ ဝင်ရောက်ခဲ့

ဖားကန့်မြို့နယ်တွင်း ရေများ ၀င်ရောက်မှု အခြေအနေအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နှင့် ဥရုချောင်းဖျားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖားကန့်မြို့၊ အနိမ်‌့ပိုင်း ရပ်ကွက် ၊ ကျေးရွာတို့၌ ဇွန် ၁၈ ရက်တွင် ရေ ၃ ပေမှ ၆ ပေခန့် အထိ ဝင်ရောက်ခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ ယနေ့ ဇွန် ၁၉ ရက် သတင်းထုတ်ပြန်မှု အရ သိရသည်။

ရေဝင်ရောက်သည့်အိမ်ထောင်စုများမှာ ပြောင်းရွှေ့ ရခြင်း မရှိသော်လည်း ရေဝင်ရောက်သည့်ဧရိယာအတွင်းရှိ အိမ်ထောင်စုများအား သောက်သုံးရေ နှင့် ထမင်းထုပ်ဝေငှရေး စီမံဆောင်ရွက်ခြင်း၊ ရေကျော်သည်‌့လမ်းများ လမ်းပိတ်ဆို့မှုမရှိစေရေး စီမံ ဆောင်ရွက်ခြင်း၊ ပြည်သူများအား မိုးရွာသွန်းမှုအခြေအနေနှင့် ဥရုချောင်း ရေမြင့် တက်မှုအခြေအနေ အား တစ်နာရီ(၁)ကြိမ် လှည့်လည်အသိပေးကြေညာရန် ဆောင်ရွက်ခြင်း၊ သယ်ယူ ရွှေ့ပြောင်းရေး အဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များစုဖွဲ့ထားရှိခြင်း၊ ရေကျချိန်တွင် ကျန်းမာရေးနှင့် ပတ်သက်သော ကိစ္စများ အတွက် စီမံဆောင်ရွက်ခြင်းတို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ သက်ဆိုင်ရာဒေသအာဏာပိုင်များ၊လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် ပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း သိရသည်။

ယခုအခါ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ ရှိသည့် အချိန်ကာလသို့ ရောက်ရှိလာပြီ ဖြစ်သည့် အတွက် ပုံမှန် ရေကြီး ရေလျှံခြင်းမျိုး သာမက မိုးသည်းထန်စွာ ရွာသွန်းရာ မှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သည့် လျှပ်တပြက် ရေကြီးခြင်းများ ၊ မြေပြိုမှုများနှင့်ပတ်သက်၍လည်း သတိထားရန် လိုအပ်ကြောင်း ရေဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပေး နှိုးဆော်ချက်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။(Xinhua)