Connect with us

Environment, Disasters & Accidents

ပျက်ကျ လေယာဉ် အမြီးပိုင်းနှင့် အစိ တ်အပိုင်းအချို့ ရေအောက်မှ ရေပြင်ပေါ်သို့ ဆယ်ယူနိုင်ခဲ့

Y-8 အမျိုးအစား လေယာဉ် အမှတ်(၅၈၂၀)မှ အစိတ်အပိုင်းများအား တွေ့ ရစဉ်(ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့သည့် တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်၏ အမြီးပိုင်းနှင့် အစိတ်အပိုင်း အချို့အား ယနေ့ ဇွန် ၁၈ ရက် မွန်းလွဲပိုင်း အချိန်တွင် ရေအောက်မှ ရေပြင်ပေါ်သို့ ဆယ်ယူနိုင်ခဲ့ပြီး ရေယာဉ်ပေါ်သို့ တင်ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ထို့အတူ ကျန်အစိတ်အပိုင်းများအား ရှာဖွေရရှိရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ဒေသခံငါးဖမ်းစက်လှေများ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ထို့အပြင် လေယာဉ်အမြီးပိုင်းနှင့်အတူ အမျိုးသားရုပ်အလောင်း ၁ လောင်းအား ထပ်မံရှာဖွေတွေ့ရှိသဖြင့် စုစုပေါင်းရုပ်အလောင်း ၉၂ လောင်း ရှာဖွေတွေ့ရှိထားပြီး ဖြစ်ကြောင်း သိရသည်။(Xinhua)