Connect with us

Environment, Disasters & Accidents

မြန်မာငလျင်ဒဏ်သင့်ဒေသသို့ရောက်ရှိနေသော တရုတ်ကယ်ဆယ်ရေးအင်အားများ

တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့နှင့် Ramunion Rescue ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုမှ အသက်ရှင်ကျန်သူတစ်ဦးအား ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်တွင် အောင်မြင်စွာ ကယ်ထုတ်လာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မန္တလေး (မြန်မာ)၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားချိန်မှစ၍ တရုတ်ကယ်ဆယ်ရေးအင်အားများသည် ကယ်ဆယ်ရေးရှေ့တန်းနေရာ၌ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံ ကြက်ခြေနီ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့၊ ယူနန်နှင့် ဟောင်ကောင် စသည့် ဒေသကယ်ဆယ်ရေးအဖွဲ့များ၊ Blue Sky နှင့် Ramunion Rescue ကယ်ဆယ်ရေးအဖွဲ့ စသည့် အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့များကလည်း နေ့ညမပြတ် အဝေးမှသွားရောက်ကာ အချိန်လု၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ ကြက်ခြေနီ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ အဖွဲ့ဝင်များက မြန်မာနိုင်ငံ မန္တလေးမြို့၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ကယ်ဆယ်ရေးအဖွဲ့ အဖွဲ့ဝင်များက မြန်မာနိုင်ငံ မန္တလေးမြို့၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ လုံခြုံရေးဗျူရို)

တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေးအဖွဲ့ အဖွဲ့ဝင်များက မြန်မာနိုင်ငံ မန္တလေးမြို့ ဟိုတယ်တစ်ခု ပြိုကျရာနေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ကယ်ဆယ်ရေးနှင့် ကုသရေးအဖွဲ့မှ ကူးစက်ရောဂါထိန်းချုပ်ရေးပညာရှင်များက မြန်မာနိုင်ငံ မြို့တော်နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံအတွင်းရှိ သောက်သုံးရေများကိုစုဆောင်း၍ စစ်ဆေးအကဲဖြတ်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ် Blue Sky ကယ်ဆယ်ရေးအဖွဲ့ အဖွဲ့ဝင်များက မြန်မာနိုင်ငံ မန္တလေးမြို့ အပျက်အစီး နေရာတစ်ခုတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – တရုတ် Blue Sky ကယ်ဆယ်ရေးအဖွဲ့)

တရုတ်နိုင်ငံ Ramunion Rescue ကယ်ဆယ်ရေးအဖွဲ့က မြန်မာနိုင်ငံ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
缅甸灾区中的中国救援力量
新华社照片,曼德勒(缅甸),2025年4月1日
缅甸发生地震以来,中国救援力量奋战在救援的第一线。中国救援队、中国红十字国际救援队、云南和香港等地方救援队、蓝天和公羊等民间救援队都星夜驰远,与时间展开赛跑。
图说1:3月31日,中国救援队和公羊救援队合作在缅甸曼德勒天空公寓成功救出一名幸存者。新华社发(苗觉梭摄)
图说2:3月31日,中国红十字国际救援队队员在缅甸曼德勒开展搜救行动。新华社发(苗觉梭摄)
图说3:4月1日,中国香港特区救援队队员在缅甸曼德勒开展搜救行动。新华社发(香港特区政府保安局供图)
图说4: 3月31日,中国蓝天救援队队员在缅甸曼德勒白云酒店震后坍塌现场开展搜救行动。新华社记者 蒋超 摄
图说5:3月31日,在缅甸首都内比都的千床医院,中国云南救援医疗队的疾控专家采集医院内的饮用水和生活用水进行指标分析。新华社发(王申摄)
图说6:3月31日,中国蓝天救援队员在缅甸曼德勒的一处地震废墟开展搜救行动。新华社发(中国蓝天救援云南队供图)
图说7:3月30日,中国公羊救援队在缅甸曼德勒天空公寓开展搜救行动。新华社发(苗觉梭摄)