Myanmar
မြန်မာနိုင်ငံ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၁၀ လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၅၀ ဦးသေဆုံးခဲ့ကာ၂၉၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင်၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၅၅ မှု ဖြစ်ပွားခဲ့ပြီး လူ ၅၀ ဦး သေဆုံးခဲ့ကာ ၂၉၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းယာဉ်ထိန်းရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ နိုဝင်ဘာ ၁၀ ရက်တွင်ပြောသည်။
ယမန်နှစ် အလားတူကာလတွင် ယာဉ်မတော်တဆမှုပေါင်း ၁၇၄ မှု ဖြစ်ပွားခဲ့ကာ ၈၂ ဦး သေဆုံးခဲ့ပြီး၊ ၃၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယာဉ်မတော်တဆမှု၊ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုလျော့နည်းသွားကြောင်း ဆင်ဟွာသို့ အမြန်လမ်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၇၆၀ ကျော် ရှိကြောင်း ၎င်းက ဆိုသည်။
၅၈၇ ကီလိုမီတာ ရှည်လျားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းသည် မြန်မာနိုင်ငံ၏ စီးပွါးရေးမြို့တော်ဖြစ်သော ရန်ကုန်နှင့် ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးကို ဆက်သွယ်ပေးထားခြင်းဖြစ်သည်။ (Xinhua)
………………………
(English Version )
50 killed, 291 injured in Myanmar’s Yangon-Mandalay highway accidents in 10 months
YANGON, Nov. 10 (Xinhua) — A total of 50 people were killed and 291 were injured in 155 traffic accidents on Myanmar’s Yangon-Mandalay highway between January and October this year, according to the highway traffic police force on Monday.
This marks a decrease in accidents, fatalities and injuries compared with the same period last year, which recorded 174 accidents, resulting in 82 deaths and 325 injuries, an official from the highway traffic police force told Xinhua.
The traffic accidents also caused damage estimated at over 760 million kyats (about 361,904 U.S. dollars), he said.
The 587-km Yangon-Mandalay expressway connects the country’s commercial city of Yangon and the second-largest city of Mandalay. ■
