Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံက ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ ကျန်းမာရေးအဖွဲ့ စေလွှတ်

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မထွက်ခွာမီ မြန်မာနိုင်ငံသို့ သွားရောက်မည့် ပြည်သူ့ကျန်းမာရေးအဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်များ အဖွဲ့လိုက် အမှတ်တရဓာတ်ပုံရိုက်နေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် မတ်လအတွင်းက ပြင်းအား ၇.၉ မဂ္ဂနီကျုရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် သဘာဝဘေးအလွန် ကူးစက်ရောဂါ တားဆီးကာကွယ်ရေး ဆောင်ရွက်ရာ၌ အကူအညီပေးရန်အတွက် တရုတ်နိုင်ငံမှ အဖွဲ့ဝင် ၅၀ ဦး ပါဝင်သော ကျန်းမာရေးအဖွဲ့တစ်ဖွဲ့မှာ ဧပြီ ၁၉ ရက်က မြန်မာနိုင်ငံသို့ ထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ မေတ္တာရပ်ခံချက်အရ ဧပြီ ၁၀ ရက်၌ ကြေညာခဲ့သည့် တရုတ်နိုင်ငံ၏ ကျယ်ပြန့်သော လူသားချင်းစာနာမှု အကူအညီ တစ်စိတ်တစ်ပိုင်းအဖြစ် စုဖွဲ့ပြင်ဆင်ထားသော အဆိုပါအဖွဲ့တွင် ပေကျင်းမှ အဖွဲ့ဝင် ၁၂ ဦး၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၏မြို့တော် ကူမင်းမြို့မှ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၃၈ ဦး ပါဝင်ကြောင်း သိရသည်။ အရေးပေါ် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် ကိရိယာအသုံးအဆောင်များ ယူဆောင်လာသော အဆိုပါ ကျန်းမာရေးအဖွဲ့အနေဖြင့် ငလျင်ဒဏ်သင့် ဒေသများ၌ ရောဂါဖြစ်ပွားနိုင်ခြေ လျှော့ချရေးအတွက် အဓိကအာရုံစိုက် လုပ်ဆောင်သွားမည်ဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/2Yc


……………………………………………………………………………
(English Version)
China dispatches health team to quake-hit Myanmar
KUNMING, April 19 (Xinhua) — A Chinese health team consisting of 50 members departed for Myanmar on Saturday to assist with post-disaster epidemic prevention following a 7.9-magnitude earthquake that struck the country in March.
The team, assembled at Myanmar’s request as part of China’s expanded humanitarian aid announced on April 10, includes 12 members from Beijing and 38 medical experts from Kunming, capital city of southwest China’s Yunnan Province. Equipped with emergency medical supplies and equipment, the team will focus on mitigating disease risks in quake-affected regions. xhtxs.cn/2Yc
English Caption
Members of a public health team to Myanmar pose for a group photo before departing from the Beijing Capital International Airport in Beijing, capital of China, April 19, 2025. (Xinhua/Zhang Yuwei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.