Connect with us

Myanmar

မြန်မာနိုင်ငံရှိ မြို့နယ် ၆၃ မြို့နယ်အား အရေးပေါ်အခြေအနေကြေညာပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) က တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် ၆၃ မြို့နယ်အား အရေးပေါ်အခြေအနေကြေညာလိုက်ပြီးနောက် ယင်းမြို့နယ်များ၌ စစ်အုပ်ချုပ်ရေးအမိန့်ကို ဇူလိုင် ၃၁ ရက်က ကြေညာလိုက်ကြောင်း MRTV သတင်းအရ သိရသည်။
အဆိုပါ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ချက်အရ NDSC အနေဖြင့် ယင်းမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်းလိုက်ကြောင်း သိရသည်။
၎င်းမြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အား မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
ယင်းအမိန့်အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်လိုက်သော မြို့နယ်များမှာ ကချင်ပြည်နယ်တွင် ၅ မြို့နယ်၊ ကယားပြည်နယ်တွင် ၃ မြို့နယ်၊ ကရင်ပြည်နယ်တွင် ၂ မြို့နယ်၊ ချင်းပြည်နယ်တွင် ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၉ မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ၅ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၃ မြို့နယ်၊ ရခိုင်ပြည်နယ်တွင် ၁၄ မြို့နယ်နှင့် ရှမ်းပြည်နယ်တွင် ၁၅ မြို့နယ် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်အုပ်ချုပ်ရေးအမိန့်သည် စတင်ကြေညာသည့်ရက်မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


……………………………………..
(English Version)
Myanmar imposes martial law in 63 townships following state of emergency declaration
YANGON, July 31 (Xinhua) — Myanmar’s National Defense and Security Council (NDSC) on Thursday declared martial law in 63 townships shortly after declaring a state of emergency in those areas, the state-owned Myanmar Radio and Television reported.
In the martial law order, the NDSC transferred the executive and judicial duties of the townships to the Commander-in-Chief of Defence Services, the report said.
The martial law was imposed to restore normal administrative conditions, peace, and the rule of law in the townships, the report said.
The townships placed under martial law included five in Kachin state, three in Kayah state, two in Kayin state, seven in Chin state, nine in Sagaing region, five in Magway region, three in Mandalay region, 14 in Rakhine state, and 15 in Shan state, the report said.
According to the order, the martial law will be in effect for 90 days.