Connect with us

Myanmar

မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် ဘိန်းဖြူ ၃၇.၁ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သက်သေခံပစ္စည်းများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဘိန်းဖြူ ၃၇.၁ ကီလိုဂရမ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့ကြောင်း ဩဂုတ် ၂၂ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ် တန့်ယန်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သြဂုတ် ၁၈ ရက်၌ မော်တော်ယာဉ်
တစ်စီးအား ရှာဖွေခဲ့ရာ အဆိုပါမူးယစ်ဆေးဝါးများသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သိမ်းဆည်းရမိမူးယစ်ဆေးဝါးများမှာ မြန်မာကျပ်ငွေ ၅၅၆ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သိမ်းဆည်းရမိခဲ့ပြီး အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ သုံးဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
အဆိုပါ ပြစ်မှုကျူးလွန်သူတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ (Xinhua)
………………………..
(English Version)
37.1 kg of heroin seized in eastern Myanmar
YANGON, Aug. 22 (Xinhua) — Myanmar authorities have seized 37.1 kg of heroin in eastern Shan state, the state-owned daily Myanma Alinn reported on Friday.
Acting on a tip-off, anti-narcotics police searched a vehicle in Tangyang township in Shan state on Aug. 18, and seized the narcotics, the report said.
The confiscated narcotics are worth over 556 million kyats (about 264,761 U.S. dollars), and three suspects were arrested in connection with the case, it said.
The suspects were charged under the country’s law, it added. ■