Connect with us

Culture & Entertainment

အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ပြန်လည်ကျင်းပမည်

၂၀၁၉ ခုနှစ်က ကျင်းပခဲ့သော အင်းလေးရေပေါ်သင်္ကြန်ပွဲတော် မြင်ကွင်းများကိုတွေ့ရစဉ် (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါကြောင့် သုံးနှစ်ကြာရပ်နားထားရသော ရှမ်းပြည်နယ်ရှိ နိုင်ငံခြားသားခရီးသွားများလည်ပတ်ရာ နေရာဖြစ်သော အင်းလေး ရေပေါ်သင်္ကြန်ပွဲတော် ကို ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ဆင်ဟွာသို့ ပြောသည်။

၂၀၁၉ ခုနှစ်က ကျင်းပခဲ့သော အင်းလေးရေပေါ်သင်္ကြန်ပွဲတော် မြင်ကွင်းများကိုတွေ့ရစဉ် (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)

၂၀၁၉ ခုနှစ်က ကျင်းပခဲ့သော အင်းလေးရေပေါ်သင်္ကြန်ပွဲတော် မြင်ကွင်းများကိုတွေ့ရစဉ် (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)

၂၀၁၉ ခုနှစ်က ကျင်းပခဲ့သော အင်းလေးရေပေါ်သင်္ကြန်ပွဲတော် မြင်ကွင်းများကိုတွေ့ရစဉ် (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)

အဆိုပါရေပေါ်သင်္ကြန်ပွဲတော်ကို ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ကျေးရွာတွင် ဧပြီ ၁၃ ရက်မှ ၁၆ ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ရေပေါ်သင်္ကြန်ရဲ့ထူးခြားချက်ကတော့ လှေတွေပေါ်ကနေ အချင်းချင်း အပြန်အလှန်ရေပက်ကြတာပါပဲ’’ ဟု ဦးထင်အောင်နိုင်က ပြောသည်။
လေးရက်ကြာကျင်းပမည့် အဆိုပါ ရေပေါ်သင်္ကြန်ပွဲတော်ကို အင်းလေးဒေသသို့ ခရီးသွားဝင်ရောက်မှုတိုးမြင့်လာစေရန်နှင့် ရိုးရာရေပေါ်သင်္ကြန် ကိုမြှင့်တင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ အဆိုပါပွဲတော်တွင် နာမည်ကြီး အနုပညာရှင်များနှင့် ဒေသခံ အကအဖွဲ့များ၏ ဖျော်ဖြေရေး အစီအစဉ်များပါဝင်မည်ဖြစ်ပြီး၊ စတုဒိသာ များလည်း ကျွေးမွေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သော ရေပေါ်သင်္ကြန်ပွဲတော်က လာရောက်လည်ပတ်သူအများအပြားကို ဆွဲဆောင်နိုင်ခဲ့ပြီး အောင်မြင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံက ၂၀၂၁ ခုနှစ် နိုင်ငံခြားသားခရီးသွားဧည့်သည် ၁၃၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ် တွင် နိုင်ငံခြားသားခရီးသွားဧည့်သည် ၂၃၃,၄၀၀ ကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.