Connect with us

Media

အင်းလေးကန် ဖောင်တော်ဦးရုပ်ရှင်တော်မြတ် လင်းကင်းစံကျောင်းတော်မှ ညောင်ရွှေမြို့ စံကျောင်းတော်ဆီသို့ ဘုရားဆွဲရေယာဉ် စုစုပေါင်း (၃၈) စီးဖြင့် ဒေသစာရီကြွချီအပူဇော်ခံရန် ဝင်ရောက်မှု မြင်ကွင်း

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အင်းလေးကန် ဖောင်တော်ဦးရုပ်ရှင်တော်မြတ် လင်းကင်းစံကျောင်းတော်မှ ညောင်ရွှေမြို့ စံကျောင်းတော်ဆီသို့ ဘုရားဆွဲရေယာဉ် စုစုပေါင်း (၃၈) စီးဖြင့် ဒေသစာရီကြွချီအပူဇော်ခံရန် ဝင်ရောက်မှု မြင်ကွင်းများကို စက်တင်ဘာ ၂၈ ရက်တွင် ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ ညောင်ရွှေမြို့ စံကျောင်းတော်တွင် စက်တင်ဘာ ၂၈ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သုံးညတိုင်တိုင် ညကျိန်း အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ဖောင်တော်ဦး ရုပ်ရှင်တော်မြတ် ဒေသစာရီ ကြွချီအပူဇော်ခံခြင်းပွဲတော်ကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းမှ စတင်ကျင်းပခဲ့ကြောင်း သိရသည်။(Reposted from Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117