Environment, Disasters & Accidents
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင် Express ကားတစ်စီး တိမ်းမှောက်မှုကြောင့် လူ ၅ ဦးသေဆုံး၊ ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)
ရန်ကုန် -မန္တလေး အမြန်လမ်းမကြီး ရေတာရှည်မြို့နယ်အပိုင် မိုင်တိုင် ၁၆၇ ၌ ယနေ့(မတ် ၄ ရက်) နံနက် ၅ နာရီ ဝန်းကျင်တွင် ရန်ကုန်-တောင်ကြီး ပြေးဆွဲသည့် ဒို့ညီနောင် Express ကားတိမ်းမှောက်မှုဖြစ်ပွားရာ လူ (၅) ဦး သေဆုံးပြီး ၃၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TERT တောင်ငူ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းသူက ဆင်ဟွာသို့ပြောသည်။

ခရီးသည်တင် Expressကားတစ်စီး တိမ်းမှောက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ- TERT တောင်ငူ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ )

အဆိုပါ ဒို့ညီနောင် Express ကားသည် လမ်းအကွေ့၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
” အခင်းဖြစ်တဲ့နေရာမှာ ၅ဦး ပွဲချင်းပြီး သေတယ်၊ ဒဏ်ရာရတဲ့လူတွေထဲ စိုးရိမ်ရတဲ့ လူနာတွေပါတယ်၊ လတ်တလော ဆွာဆေးရုံကိုပို့ထားတယ်၊ ထပ်ပြီး အရေးပေါ် လူနာတွေကို နေပြည်တော် ဆေးရုံပို့မယ်၊ ခု ကယ်ဆယ်ရေးလုပ်နေတုန်းပါ” ဟု ၎င်းက ပြောသည်။
ယင်း ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူများကို တောင်ငူမြို့ရှိ ဆွာဆေးရုံကိုပို့ဆောင်ထားပြီး အဆိုပါ လူနာများထဲမှ အရေးပေါ် လူနာများဖြစ်သော ကလေးငယ် တစ်ဦးအပါအဝင် ၃ ဦးကို နေပြည်တော်ဆေးရုံကိုပို့ဆောင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)