Connect with us

Myanmar

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအတွက် မြန်မာယူ-၂၀ အမျိုးသမီး အပြီးသတ် ရွေးချယ်

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းလေ့ကျင့်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ)

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအတွက် ကစားသမား ၂၃ ဦး ကို အပြီးသတ်ရွေးချယ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာသို့ ယနေ့ မတ် ၂ ရက်တွင်ပြောသည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းလေ့ကျင့်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းလေ့ကျင့်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် ကမ္ဘောဒီးယားနိုင်ငံတွင် အာရှခြေစစ်ပွဲ ပထမအဆင့် အုပ်စု (G)အဖြစ် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်မှ ၁၂ ရက်ထိ အိမ်ရှင် ကမ္ဘောဒီးယား၊ မလေးရှား အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် မတ်လ ၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃:၃၀ နာရီတွင် ကမ္ဘောဒီးယားအသင်း၊ မတ်လ ၁၂ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃:၃၀ နာရီတွင် မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းကို ယမန်နှစ် ဒီဇင်ဘာ လကုန်ပိုင်းတွင် ပဏာမ ကစားသမား ၃၈ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်း၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်နွယ်နွယ်တိုးနှင့် ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြအဖြစ် ဒေါ်မေခင်ယမင်းတို့က တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

မြန်မာအမျိုးသမီး ယူ-၂၀ ကစားသမားများကို ရွေးချယ်ရာတွင် ယမန်နှစ် အမျိုးသမီးလိဂ် ပြိုင်ပွဲဝင် ကလပ်အသင်းများမှ ကစားသမားများ၊ ယူ-၁၉ နှင့် ယူ-၁၆ လက်ရွေးစင်များ၊ အား/ကာသိပ္ပံများမှ ကစားသမားများအပြင် နေပြည်တော်တွင် ကျင်းပခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲမှ ခြေစွမ်းပြခဲ့သည့် ကစားသမားများကိုပါ ပေါင်းစပ် ရွေးချယ်ထားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရသိရသည်။

ပထမအဆင့် ခြေစစ်ပွဲတွင် အုပ်စုပထမရသော အသင်း (၈)သင်းသည် ၂၀၂၃ ခုနှစ် ဇွန်လအတွင်းတွင် အုပ်စုနှစ်ခုခွဲ၍ ဒုတိယအဆင့် ခြေစစ်ပွဲများ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဦးကိုကိုသိန်းက “ဒီခြေစစ်ပွဲကအောင်မြင်မှာပါ။ ဒီခြေစစ်ပွဲအောင်ပြီးရင် နောက်တစ်ဆင့်ထပ်တက်ဖို့လည်း အဖွဲ့ချုပ် အနေနဲ့ ကြိုပြင်ဆင်နေပါတယ်’’ ဟုပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117