Environment, Disasters & Accidents
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ၄၄ နှစ်အတွင်း အပူချိန်စံချိန်သစ်တင်

ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် နှစ်ပေါင်း ၄၄ နှစ်အတွင်း အပူဆုံးနေ့အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်က ဆင်ဟွာသို့ ယနေ့ ဧပြီ ၁၉ ရက်၌ ပြောသည်။

တမူးမြို့ရှိ မြို့မစည်ပင်သာယာစျေးအား ၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ– Myanmar Digital News)
စစ်ကိုင်းတိုင်းဒေသကြီး ၊တမူးမြို့သည် ဧပြီ ၁၈ ရက်က အပူချိန် ၄၃.၈ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ပြီး ၄၄ နှစ်တာ ကာလအတွင်း အမြင့်ဆုံးအပူချိန်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူး ဦးစီးဌာနမှ သိရသည်။
နိုင်ငံတစ်ဝန်းရှိ အချို့မြို့များ၏ ပျမ်းမျှအပူချိန်သည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက မြင့်တက်လာကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဧပြီလနှင့် မေလသည် အပူဆုံးလများဖြစ်ပြီး နိုင်ငံအတွင်း မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ယခုနှစ်၌ အပူချိန်များမြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)