Connect with us

Media

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့တွင် နှစ်ပေါင်း ၆၀ နီးပါးအတွင်း အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ တွင် နှစ်ပေါင်း ၅၈ နှစ်အတွင်း အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်က ဆင်ဟွာသို့ ဇွန် ၁၆ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံတောင်ပိုင်း သိမ်ဇရပ်မြို့သည် နှစ်ပေါင်း ၅၈ နှစ်အတွင်း အနိမ့်ဆုံးအပူချိန်ဟောင်း ၁၉.၅ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံးအပူချိန်စံချိန်သစ် ၁၈.၈ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ခုနှစ် ဧပြီ ၂၅ ရက် တွင် သိမ်ဇရပ်မြို့မှာပင် ၅၈ နှစ်အတွင်း အမြင့်ဆုံးအပူချိန်စံချိန်သစ်အဖြစ် ၄၃ ဒီဂရီစင်တီဂရိတ် အထိစံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

“ဒီလို နှစ်လအတွင်း အပူချိန် အနိမ့်၊ အမြင့် တွေဖြစ်ပွားရတာက အစွန်းရောက်ရာသီဥတုဖြစ်စဉ် ကြောင့်ပါ” ဟု ဒေါက်တာသန်းနိုင်က ပြောသည်။
မေလတွင် မြန်မာနိုင်ငံရှိ မြို့နှစ်မြို့ဖြစ်သော နမ့်ဆန်မြို့ နှင့် ကျောက်တော်မြို့တို့တွင်လည်း နှစ်ပေါင်း ၂၈ နှစ်နှင့် ၃၆ နှစ်အတွင်း အနိမ့်ဆုံးအပူချိန်စံချိန်သစ်များတင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.