Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံရှိ မြို့ ၄ မြို့တွင် နှစ်ပေါင်း ၆၀ နီးပါးအတွင်း အပူဆုံးနေ့အဖြစ်စံချိန်သစ်တင်

မြန်မာနိုင်ငံရှိ အပူချိန်စံချိန်သစ်တင်ခဲ့သော မြို့ ၄ မြို့ ၏ အပူချိန်နှိုင်းယှဉ်ချက်ပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ရွှေကျင်မြို့အဝင်ဆိုင်းဘုတ်အားတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရှိ မြို့ ၄ မြို့တွင် နှစ်ပေါင်း ၆၀ နီးပါးအတွင်း ၎င်းတို့မြို့၏ မူလရှိခဲ့သောအပူဆုံးစံချိန်ကို ကျော်လွန်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ဧပြီ ၂၇ရက်တွင် ပြောသည်။

မြန်မာနိုင်ငံတောင်ပိုင်း၊ မွန်ပြည်နယ်၊ သိမ်ဖြူဇရပ်မြို့တွင် ဧပြီ ၂၅ ရက်က အမြင့်ဆုံးအပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်ဖြင့် နှစ်ပေါင်း ၅၈နှစ်အတွင်း စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတောင်ပိုင်း ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့တွင် ဧပြီ ၂၅ ရက်က ၅၉ နှစ်အတွင်း အမြင့်ဆုံးအပူချိန် ၄၂.၇ ဒီဂရီစင်တီဂရိတ် ကို စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ဘီလင်းမြို့တွင် ဧပြီ ၂၅ ရက်က အမြင့်ဆုံးအပူချိန် ၄၁.၇ ဒီဂရီစင်တီဂရိတ် ဖြင့် ၅၈ နှစ်အတွင်း စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ သထုံမြို့တွင် ဧပြီ ၂၅ ရက်က အမြင့်ဆုံးအပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်ဖြင့် ၅၆ နှစ်အတွင်း စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ဧပြီ ၁၈ ရက်က နှစ်ပေါင်း ၄၄ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ပြီးခဲ့သည့်ရက်သတ္တပတ်ကထုတ်ပြန်ချက်အရ သိရသည်။
ဦးလှထွန်းက “မိုးမရွာခဲ့ရင်တော့ တခြားမြို့တွေမှာလည်း အပူချိန်စံချိန်သစ်တွေ ထပ်တင်မယ့်အခြေအနေမှာ ရှိပါတယ်။ မိုးမရွာတော့ အပူက ပိုပိုပူတဲ့သဘောပေါ့။ မိုးရွာရင်တော့ အပူချိန်က ကျသွားမယ့်သဘောမှာရှိပါတယ်’’ ဟုပြောသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.