Myanmar
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ကဖင်း ၁,၉၇၅ ကီလိုဂရမ် ဖမ်းဆီးရမိ

ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်တွင် ကဖင်း ၁,၉၇၅ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC) က ဧပြီ ၂၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဧပြီလ ၂၈ ရက်နေ့၌ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများမှာ ကျပ်ငွေ ၁၅၈ သန်း ခန့်တန်ဖိုးရှိကြောင်း သိရသည်။ အဆိုပါအမှုနှင့်ပတ်သက်၍ သံသယရှိသူ သုံးဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)