Connect with us

Myanmar

အကျဉ်းထောင်အသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အကျဉ်းကျခံနေရသော အကျဉ်းသား/သူ ၂၀၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အကျဉ်းကျခံနေရသော အကျဉ်းသား/သူ ၂၀၀၀ ကျော်ကို ယနေ့ (မေ ၃ ရက်) ကဆုန်လပြည့်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ယနေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြင့်လည်းကောင်း ၊ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ ၂၁၅၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.