Myanmar
သေဒဏ်ချမှတ်ခံထားရသော အကျဉ်းသား/သူ ၃၈ ဦးကို လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲ

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခံထားရသော အကျဉ်းသား/သူ ၃၈ ဦးကို လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြင့် အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခံထားရသော အကျဉ်းသား/သူ ၃၈ ဦးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က)အရ ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံခွင့်ပြုခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အကျဉ်းကျခံနေရသော အကျဉ်းသား/သူ ၂၁၅၃ ဦးကိုလည်းလွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သည်။ (Xinhua)