Education & Health
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် KG မှ ၁၂ တန်းအထိ သင်ရိုးညွှန်းတမ်းအသစ်ဖြင့် အဆင့်မြှင့်တင်ထားသော ၂၀၂၃-၂၀၂၄ စာသင်နှစ်သစ်ကို ဇွန် ၁ရက် ၌ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ဆင်ဟွာသို့ ယနေ့ပြောသည်။

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ အ.ထ.က (၂) ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမဆုံးကျောင်းဖွင့်သည့်နေ့ဇွန် ၁ ရက် ၌ စာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဇွန် ၁ ရက် ၌တွေ့ရစဉ် (ဆင်ဟွာ)

ဦးကျော်စွာသွင်က “စနစ်သစ်ဖြစ်တဲ့အတွက် အရင်စနစ်ဟောင်းထက် သင်ရိုးတွေကလည်း မြင့်လာပါတယ်။ ကလေးတွေအတွက် အသိဉာဏ်တွေလည်း တိုးတက်တဲ့သင်ခန်းစာတွေ ထည့်ထားတယ်။ ကလေးတွေရဲ့ တတ်မြောက်မှုကလည်း အရင်ကထက်စာရင် ပိုပြီးကောင်းမွန်တိုးတက်လာပါတယ်” ဟုပြောသည်။
“ဒီနှစ်မှာ ကျောင်းအပ်နှံတဲ့ဦးရေက မနှစ်ကထက်ပိုများလာပါတယ်။ ပညာရေး ဝန်ကြီးဌာနအနေနဲ့ ဇွန်လလယ်အထိ ကျောင်းအပ်နှံမှုတွေကို ဆက်လက်လက်ခံသွားမှာပါ” ဟု ၎င်းကဆက်ပြောသည်။
ကျောင်းအပ်နှံရေးရက်သတ္တပတ်ဖြစ်သော မေ ၂၃ ရက်မှ မေ ၃၁ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူဦးရေ ၆.၄၇ သန်းကျော်ရှိကြောင်းသိရသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာနှင့် ကျောင်းသုံးစာအုပ်များ အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်၍ သင်ရိုးသစ်ဖြစ်သော KG+12 အား အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ကျန်ရှိနေသော သင်ရိုးသစ် အတန်းများဖြစ်သည့် Grade-9 နှင့် Grade-12 အတန်းတို့ကိုဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည့်အတွက် KG+12 သင်ရိုးသစ်ဖြင့် အတန်း အားလုံးကို ဆောင်ရွက်သွားနိုင်ပြီဖြစ်ကြောင်း၊ အလယ်တန်း ပညာရေး KG +9 ပြီးဆုံး အောင်မြင် သူများအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာ အခြေခံရရှိရေးအတွက် Grade 10၊ Grade 11၊ Grade 12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုနည်းပညာရပ်များကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍ ခရိုင် ၅၀ တွင် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၅၁ ကျောင်းကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)