Connect with us

Myanmar

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၁ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၇ ဦးသေဆုံး

အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၃/၂) နှင့် (၂၃/၃) ကြားတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ရန်ုကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၇ ဦးရှိခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရရှိသူ ၂၂ ဦးရှိခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၁၀ ရက်၌ ပြောကြားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၅၂/၁) နှင့် (၃၅၂/၂)ကြားတွင် ရန်ကုန်မှ မန္တလေးသို့မောင်းနှင်လာသော Express ယာဉ်ကို (၁) စီးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က တိမ်းမှောက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

“ဒီယာဉ်မတော်တဆမှု ဖြစ်စဉ်တွေကြောင့် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦး သေဆုံးမှုရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူက အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၂ ဦးရှိပါတယ်။ ဒီယာဉ်မတော်တဆမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုက ကျပ်သိန်းပေါင်း ၃၈၆ သိန်းကျော် ရှိပါတယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုပေါင်း ၁၃၇ မှုရှိပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၁၅၁ ဦး၊ အမျိုးသမီး ၁၂၅ ဦး စုစုပေါင်း ၂၇၆ ဦး ရှိကြောင်း သိရသည်။ ၁၀ အတွင်း အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်များကြောင့် သေဆုံးသူ အမျိုးသား ၅၄ ဦး၊ အမျိုးသမီး ၂၄ ဦး စုစုပေါင်း ၇၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၄,၂၀၀ ကျော်ရှိကြောင်း သိရသည်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပဲ “ ယာဉ်မတော်တဆမှု ဖြစ်ပွားတဲ့ တစ်မှုချင်းစီအလိုက် ဖြစ်စဉ်ကို ကြည့်ပြီးစစ်ဆေးပြီး သုံးသပ်တင်ပြရတဲ့အခါမှာ ယာဉ်မောင်းက အရှိန်ပြင်းပြင်းမောင်းလို့ ဖြစ်ပွားတာရှိတယ်။ အရှိန်ပြင်းပြင်းမောင်းတာကို မထိန်းနိုင်ဘဲ လမ်းကွေ့တွေမှာ လမ်းလယ်ကျွန်းကို တက်သွားတာတို့၊ လမ်းဘေးကို ဆွဲချသွားတာတွေရှိတယ်။ ယာဉ်မောင်းအိပ်ငိုက်လို့ ဖြစ်တဲ့ဖြစ်စဉ်တွေလည်း ရှိတယ်။ အဓိကကတော့ လူကြောင့်ဖြစ်တာများပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်သောကြောင့် ဖမ်းဆီးရေးယူခဲ့သည့် မော်တော်ယာဉ်ပေါင်း ၉၆၈ စီးရှိကြောင်း၊ အသက်ကယ်ထိုင်ခုံခါးပတ် မပတ်သည့်အတွက် ဖမ်းဆီးတရားစွဲတင်ပို့သည့် မော်တော်ယာဉ်အရေအတွက် ၁၆၉ စီးရှိကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.