Connect with us

Culture & Entertainment

ငပလီကမ်းခြေတွင် ဆောင်းဦးပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေတွင် လာရောက်အပန်းဖြေအနားယူနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန

ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေ၌ ဆောင်းဦးပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ဆင်ဟွာသို့ ယနေ့ (နိုဝင်ဘာ ၉ ရက်) တွင်ပြောသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေတွင် လာရောက်အပန်းဖြေအနားယူနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေတွင် လာရောက်အပန်းဖြေအနားယူနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန

ဦးကျော်ဇေယျက “ငပလီကမ်းခြေမှာ ဆောင်းဦးပွဲတော်ကို ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းတွေ ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီးတော့ ကျင်းပတာပါ။ နောက်တစ်ခုက အခုလိုဆောင်းဦးပွဲတော်ကို ကျင်းပတဲ့အတွက် ကျွန်တော်တို့ရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ကြော်ငြာနိုင်တဲ့အပြင် ပြည်တွင်းပြည်ပ ဧည့်သည်တွေလည်း တစ်ယောက်စကား၊ တစ်ယောက်နားနဲ့ ပိုမိုသိရှိပြီး လည်ပတ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကျင်းပတာပါ။ ကိုဗစ်နောက်ပိုင်း ပြန်ကျင်းပတာဆိုရင် အခုအကြိမ်က တတိယအကြိမ်မြောက်ဖြစ်ပါတယ်” ဟုပြောသည်။

ယခုနှစ်တွင် ကျင်းပမည့် ဆောင်းဦးပွဲတော်တွင် မီးပုံပွဲများ၊ သဲသောင်ပြင်အားကစားပြိုင်ပွဲများ၊ သဲပန်းချီပြပွဲ၊ စက်ဘီးစီးပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ညဈေးတန်း၊ ဈေးရောင်းပွဲတော်၊ တိုင်းရင်းသား ရိုးရာအစားအစာအရောင်းဆိုင်များ၊ အသေးစား၊အငယ်စား နှင့် အလတ်စား အရောင်းဆိုင်ခန်းများနှင့် ဖျော်ဖြေပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဦးကျော်ဇေယျက “၂၀၂၂ ခုနှစ်မှာဆိုရင် ငပလီကမ်းခြေကို နိုင်ငံခြားသား ခရီးသွားဧည့်သည် ၂,၀၀၀ ကျော်လာရောက် လည်ပတ်ခဲ့ပါတယ်။ ဒီနှစ်ကတော့ မနှစ်ကထက် နိုင်ငံခြားသား ခရီးသွားဧည့်သည် ပိုများနိုင်ပါတယ်” ဟုပြောသည်။

ငပလီကမ်းခြေတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာစုစုပေါင်း ၆၅ ခုရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117