Environment, Disasters & Accidents
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ ယာဉ်မတော်ဆမှုများကြောင့် လူ ၈၂ ဦးသေဆုံးခဲ့ပြီး အခြားသူ ၃၀၁ ဦးထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက် မှ နိုဝင်ဘာလကုန်အထိ ယာဉ်မတော်ဆမှုပေါင်း ၁၅၁ မှုဖြစ်ပွားခဲ့ပြီး အဆိုပါမတော်တဆမှုများကြောင့် လူ ၈၂ ဦးသေဆုံးခဲ့ပြီး အခြားသူ ၃၀၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးမျိုးလင်းသန့်က ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၁၂ ရက်တွင်ပြောသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၇/၀)နှင့်(၁၁၇/၁)တွင် ယာဉ်(၁)စီး ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအုတ်တန်းအား ဝင်တိုက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၄)နှင့် (၄၅/၅)ကြားတွင် ခရီးသည်ယာဉ်တစ်စီးနှင့် အိမ်စီးကားတစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၄)နှင့် (၄၅/၅)ကြားတွင် ခရီးသည်ယာဉ်တစ်စီးနှင့် အိမ်စီးကားတစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)
ဒုရဲမှူး မျိုးလင်းသန့်က “အဲဒီယာဉ်မတော်တဆမှုတွေကြောင့် အမျိုးသား ၁၆၇ ဦး၊ အမျိုးသမီး ၁၃၄ ဦး စုစုပေါင်း ၃၀၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၂၄ ဦး စုစုပေါင်း ၈၂ ဦး သေဆုံးခဲ့ပါတယ်” ဟုပြောသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုပေါင်း ၁၆ မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား ၄ ဦး သေဆုံးခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် ကျပ်သိန်းပေါင်း ၄,၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
“ယာဉ်မတော်တဆမှုတွ အဓိက ဖြစ်ပွားရတာက ယာဉ်မောင်းရဲ့ မဆင်မခြင်မောင်းနှင်မှုကြောင့် ဖြစ်တာများပါတယ်။ ဇန်နဝါရီ ၁ ရက်ကနေ နိုဝင်ဘာလကုန်အထိ ယာဉ်ကြောင့်ဖြစ်တဲ့ ဘီးပေါက်တဲ့ မတော်တဆမှုက စုစုပေါင်းမှ ၁၅ မှုပဲရှိပါတယ်။ မော်တော်ယာဉ်မောင်းနှင်သူတွေက ပူးပေါင်းပါဝင်မှ ယာဉ်မတော်တဆမှု လျော့နည်းကျဆင်းမှာဖြစ်ပါတယ်” ဟု ဒုရဲမှူးမျိုးလင်းသန့်က ဖြည့်စွက်ပြောကြားသည်။ (Xinhua)