Connect with us

Myanmar

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၅ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-၂၀၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ်(၆၀)ပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား (၂၄/၁၀/၂၀၂၄ – MRTV)
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ တက်ရောက်ခဲ့သည့် အာဆီယံရဲအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ (၂၄/၁၀/၂၀၂၄ – MRTV)
-ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ငွေကျပ်သိန်း ၂၅,၄၀၂ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းအလေးချိန် ၅ ပိဿာ ၂၉ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၅၀ အား သေနတ်ပြ ခြိမ်းခြောက်ရိုက်နှက်၍ လုယက်သူ တရားခံ အမျိုးသားသုံးဦးအား သက်သေခံရွှေထည်ပစ္စည်း၊ ငွေများနှင့်အတူ ဖမ်းဆီးရမိ (၂၄/၁၀/၂၀၂၄ – MRTV)
-မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ (၂၅/၁၀/၂၀၂၄ – MOI)
-ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်း ရေပြန်လည်ကျဆင်းသွားသည့် ရပ်ကွက်များ၌ သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး (၂၅/၁၀/၂၀၂၄ – MOI)
-လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်တွင် ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်၊ ဘရူနိုင်း အိမ်ရှေ့မင်းသားနှင့် တွေ့ဆုံ (၂၅/၁၀/၂၀၂၄ – MOI)

-ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို လေ့လာခြင်း သုတေသန(၂၀၂၄) (STEPS Survey-2024) ဆောင်ရွက်ရန် သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် (၂၅/၁၀/၂၀၂၄ – MOI)

-ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကမ္ဘာ့မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ ရက်သတ္တပတ် အခမ်းအနားသို့ တက်ရောက် (၂၅/၁၀/၂၀၂၄ – MOI)