Connect with us

Myanmar

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၃ ဒသမ ၉၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၃ ဒသမ ၉၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း CCDMC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၄ ရက် ညနေ ၄ နာရီခွဲအချိန် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် FIELDER မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်များအရ ယင်းနေ့ ညနေ ၅ နာရီအချိန် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၊ ၂၉ ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည့် TOYOTA SUCCEED မော်တော်ယာဉ်တစ်စီးနှင့် ညနေ ၅ နာရီခွဲအချိန် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ နေအိမ်တအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆ ဒသမ ၈ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၉၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်နေ စိုင်းဆိုင်နွံ(ခ)ပီနွံ နှင့် ကျေးသီးမြို့နယ်နေ ဟန်သိန်း(ခ)စိုင်းဆန်ဆွေ တို့မှ ရောင်းချခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၊ မောင်တောမြို့နေ စိုးမြင့်(ခ)ဇီဘူရာမောက် မှ ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။
သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် ငွေကြေးလွှဲပြောင်းခြင်းတို့ဆောင်ရွက်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်နေ စိုးမိုးအောင်(ခ)မိုလ်ဇူရာမန်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ ကျော်ဝင်းစိုး နှင့် ဇနီး မသီတာဝင်း(ခ)ယာစမင်း တို့အား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117