Connect with us

Myanmar

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၆ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-ပဲခူးတိုင်းဒေသကြီးအတွင်း နွေစပါးဧက သိန်း ၃၀ ကျော်အထိ တိုးချဲ့စိုက်ပျိုးရန် စီမံဆောင်ရွက် (၂၆/၁၀/၂၀၂၄ MOI)
-မြန်မာအမျိုးသားလေကြောင်းလိုင်း ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေးခရီးစဉ်ကို အောက်တိုဘာ၂၇ ရက်မှစ၍ အချိန်ပြောင်းလဲ၍ ပျံသန်းပြေးဆွဲမည် (၂၆/၁၀/၂၀၂၄ MOI)
-လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ (၂၆/၁၀/၂၀၂၄ MOI)
-ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လာရောက်တွေ့ဆုံ (၂၆/၁၀/၂၀၂၄ MOI)
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ (၂၅/၁၀/၂၀၂၄ MOI)
-ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၃ ဒသမ ၉၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ ဒသမ ၈ သိန်း ဖမ်းဆီးရမိ (၂၅/၁၀/၂၀၂၄ MOI)
-ထားဝယ်မြို့၌ (၁၁၂)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ပွဲကြီး ကျင်းပမည် (၂၆/၁၀/၂၀၂၄ MRTV)
-ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ စုစုပေါင်းရေကန်(၁၂)ကန်အနက် (၈)ကန်ကို ရာနှုန်းပြည့်တူးဖော်ပြီးဖြစ်ကာ ကျန်ရေကန်(၄)ကန်ကိုလည်း အောက်တိုဘာ လကုန်တွင် အပြီးတူးဖော်သွားမည် (၂၆/၁၀/၂၀၂၄ MRTV)
-ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်အနီး ဦးဝိစာရလမ်းရှိ မြေအောက်လမ်းကူးလူသွားဥမင်တွင် အဝင်၊ အထွက်ပေါက် (၄)ခု၊ ရွေ့လျားစက်လှေကား (၄)စင်း၊ မသန်စွမ်းများ အသုံးပြုရန် ဓာတ်လှေကား (၂)စင်း ပါဝင်မည်ဖြစ်ပြီး (၁)နာရီလျှင် လူဦးရေ (၁၄,၀၀၀) ဖြတ်သန်းသွားလာနိုင်မည် (၂၆/၁၀/၂၀၂၄ MRTV)
-ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလ (၉)ရက်မှ (၂၀)ရက်နေ့အထိ ဝန်ကြီးဌာနအဆင့် အားကစားနည်း (၆)နည်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်အားကစားနည်း (၂၃)နည်းတို့ဖြင့် ကျင်းပသွားမည် (၂၆/၁၀/၂၀၂၄ MRTV)
-၂၀၂၄ ခုနှစ် ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ မြန်မာလှေလှော်အားကစားအဖွဲ့ ပထမရွှေတံဆိပ်ရရှိ (၂၅/၁၀/၂၀၂၄ MRTV)
-ပဲခူးမြို့ ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သီတင်းကျွတ် ရုံးပိတ်ရက် ကာလတွင် နေ့စဉ် ဘုရားဖူးလာ ပြည်သူ (၃၀၀,၀၀၀)ကျော်အထိ လာရောက်ဖူးမြော် (၂၅/၁၀/၂၀၂၄ MRTV)
-အေးခဲထောပတ်သီးအနှစ်များကို မလေးရှားမှ ဝယ်ယူရန် သဘောတူညီမှုရရှိပြီးဖြစ်၍ ထောပတ်တောင်သူများ အခွင့်အလမ်းကောင်းများ ရရှိမည် (၂၅/၁၀/၂၀၂၄ MRTV)
-ရှမ်းပြည်နယ်တောင်ပိုင်းတွင် အစေ့ထုတ်ပြောင်းနှင့် ဆီထွက်သီးနှံ စိုက်ဧက(၃၀၀,၀၀၀)ခန့် လွှမ်းခြုံနိုင်ပြီး နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း (၃၀၀)မှ (၃၅၀) ရရှိနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ (၂၅/၁၀/၂၀၂၄ MRTV)
-ပြည်သူလူထုအတွင်း မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေ လေ့လာခြင်း သုတေသနစစ်တမ်း ၂၀၂၄ ကို တိုင်းဒေသကြီး/ပြည်နယ် (၁၃)ခုတွင် ကောက်ယူသွားမည် (၂၅/၁၀/၂၀၂၄ MRTV)